
အာဆင်နယ်ရဲ့ အကောင်းဆုံးခြေစွမ်းရပ်တန့်သွားပြီဖြစ်ကြောင်း အင်္ဂလန်နဲ့ လီဗာပူး နောက်ခံလူ ဟောင်း ကာရေဂါက သုံးသပ်သွားပါတယ်။
နည်းပြမီခေးလ်အာတေတာလက်ထက် အာဆင်နယ်ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြီးခဲ့ရာသီ ဒုတိယအကျော့ကာလမှာ မြင်တွေ့ခဲ့ရကြောင်း၊ ဒုတိယအကျော့ ၁၈ ပွဲမှာ ၁၆ ပွဲနိုင်ကာ မန်စီးတီးကို သရေကျခဲ့ပြီး ဗီလာအသင်းနဲ့ပွဲစဉ်ကိုပဲ ရှုံးနိမ့်ခဲ့တာဖြစ်ကြောင်း ကာရေဂါက ပြောပါတယ်။
လက်ရှိဘောလုံးရာသီမှာတော့ အာဆင်နယ်ရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရခြင်းမရှိတော့ဘဲ လာမယ့်ရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တော့မှာမဟုတ်ကြောင်း ကာရေဂါက ပြောပါတယ်။
နည်းပြအာတေတာရဲ့ ကစားသမားအပြောင်းအလဲလုပ်ဆောင်နိုင်မှုမှာ အားနည်းချက်တွေရှိနေပြီး လာမယ့်ရာသီမှာ အာဆင်နယ်ထက်စာရင် မန်စီးတီးက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာနိုင်ဖို့ များတယ်လို့ ကာရေဂါက သုံးသပ်ပြောသွားပါတယ်။