
အာဆင်နယ်အသင်းအနေနဲ့ အခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရယူနိုင်မယ့် အဆင့်အတန်း မရှိခဲ့ဘူးလို့ နည်းပြအာတေတာက ဝန်ခံပြောသွားပါတယ်။
အာဆင်နယ်ဟာ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ နောက်ခံလူ လူးဝစ်စကယ်လီ ထုတ်ပယ်ခံရမှုနဲ့အတူ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး လီဗာပူးနဲ့ အမှတ်ကွာဟချက် ကျဉ်းမြောင်းနိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားခဲ့ရတာပါ။
ဝက်ဟမ်းနဲ့ပွဲမှာ အာဆင်နယ်အသင်းဟာ ချန်ပီယံဆုဖလားရယူနိုင်မယ့် အသင်းတသင်းရဲ့ အဆင့်အတန်းမရှိခဲ့ဘဲ အဲဒီအတွက် မိမိမှာ တာဝန်အပြည့်အဝရှိကြောင်း၊ ရှုံးပွဲနဲ့ ပတ်သက်လို့ အလွန်ဒေါသထွက်မိကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ချန်ပီဆုဖလား မျှော်လင့်ချက်နဲ့ပတ်သက်လို့ မိမိတို့ရဲ့ လက်ထဲမှာမရှိတော့ကြောင်းလည်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ ပြိုင်ဘက် လီဗာပူးက မန်စီးတီးနဲ့ ထိပ်တိုက်ဆုံချိန်မှာ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၈ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။