
ဂိုးသွင်းခွင့်တွေ လွဲချော်နိုင်ပေမဲ့ ကြိုးစားမှုမရှိတာကိုတော့ လက်မခံကြောင်း လီဗာပူးနည်းပြ အာနဲ စလော့က ပြောသွားပါတယ်။
ဗီလာနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဒါဝင်နူညက်ဇ်က အနိုင်ရလဒ်ရရှိနိုင်မယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တာနဲ့ ပတ်သက်လို့ နည်းပြစလော့က ပြန်လည်တုံ့ပြန်ခဲ့တာပါ။
နံပါတ် ၉ တိုက်စစ်မှူးတယောက်အနေနဲ့ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေ လွဲချော်နိုင်ပေမဲ့ အလုပ်ကြိုးစားမှုနဲ့ ပတ်သက်လို့ အားနည်းခဲ့မယ်ဆိုရင်တော့ လက်မခံနိုင်တဲ့ကိစ္စဖြစ်လို့ ဆွေးနွေးပြောဆိုသွားရမှာဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
နူညက်ဇ်ကတော့ သူကျရှုံးသွားတာကို လူတွေမြင်တွေ့ခွင့်ရမှာမဟုတ်ဘဲ အဆိုးဆုံးအခြေအနေ ရောက်ရှိနေတာလည်း မဟုတ်ကြောင်းနဲ့ လီဗာပူးမှာ ဆက်ရှိနေသရွေ့ အကောင်းဆုံး ပေးဆပ်ကစားသွားမှာဖြစ်ကြောင်း ဆိုရှယ်မီဒီယာကနေ ပြန်လည်ရေးသားသွားခဲ့ပါတယ်။