
အက်စ်တန်ဗီလာကို အနိုင်မရခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း လီဗာပူးနည်းပြ အာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးဟာ ဗီလာနဲ့ အဝေးကွင်းပွဲစဉ်မှာ နောက်ကနေ လိုက်ပြီးချေပဂိုး သွင်းခဲ့ပေမဲ့ အနိုင်ရတဲ့အထိ မစွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် စိတ်ပျက်စကားဆိုခဲ့တာပါ။
တကယ့်ကို ကောင်းမွန်တဲ့ပွဲတပွဲဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပေမဲ့ ချေပဂိုးသွင်းယူနိုင်ခဲ့သလို အနိုင်ဂိုးရလောက်တဲ့အထိ အခွင့်အရေးတွေကိုရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ကြောင်း နည်းပြကပြောပါတယ်။
လီဗာပူးအသင်းဟာ ဒီပွဲသရေကျခဲ့တာကြောင့် ဒုတိယနေရာက အာဆင်နယ်ထက် တပွဲ ပိုကစားထားပေမဲ့ ၈ မှတ်သာ ကွာဟတော့တာပါ။
အာဆင်နယ်က ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ရရှိ မယ်ဆိုရင် ၅ မှတ်ပဲကွာဟတော့မှာ ဖြစ်ပါတယ်။
Photo-Reuters