
မာဆေးဆိုဒ်ဒါဘီက ဖြစ်ရပ်တွေအတွက် လီဗာပူးနဲ့ အဲဗာတန် နှစ်သင်းစလုံးကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂ ဂိုးစီသရေကျခဲ့တဲ့ ဒါဘီပွဲစဉ်မှာ ပွဲသိမ်းခရာမှုတ်ချိန်မှာ အဲဗာတန်ကွင်းလယ်လူ ဒူကိုယေးက လီဗာပူးပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်ရှေ့မှာ တိတ်ဆိတ်နေကြဖို့ လက်ဟန်အမူအယာနဲ့ ပြုလုပ်ခဲ့တာကနေ စတင်ခဲ့တာပါ။
လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးစ်က ဒူကိုယေးကို သွားရောက်တားဆီးရာကနေ နှစ်ဖက် အသင်းကြားမှာ ရုန်းရင်ဆန်ခတ် ဖြစ်ခဲ့ပြီး ကစားသမား ၂ ယောက် စလုံးအပါအဝင် လီဗာပူးနည်းပြ အာနဲစလော့နဲ့ လက်ထောက်နည်းပြ ဟောရှော့ဖ်တို့လည်း အနီကတ် ပြသခံခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်တွေကို အင်္ဂလန်အက်ဖ်အေက ပြန်လည်ကြည့်ရှုစစ်ဆေးကာ ကလပ် ၂ သင်းစလုံးအပြင် နည်းပြစလော့နဲ့ ဟောရှော့ဖ်တို့ကို အရေးယူဖို့ဆုံးဖြတ်ခဲ့တာပါ။
၂ သင်းစလုံးအနေနဲ့ ဖေဖော်ဝါရီ ၁၉ ရက်မတိုင်ခင် ဖြေရှင်းချက်ပေးဖို့လည်း အက်ဖ်အေက ထုတ်ပြန်ထားပါတယ်။
Photo-Reuters