
ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်ကို ရှုံးနိမ့်ခဲ့ရတဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ကစားသမားတွေဘက်က ပိုကောင်းတဲ့ကစားပုံ ထုတ်ပြနိုင်ခဲ့သင့်တယ်လို့ လီဗာပူးနည်းပြ အာနဲစလော့က ပြောသွားပါတယ်။
ပုံမှန်ပွဲထွက်လူစာရင်းကနေ ကစားသမား ၁၀ ယောက်အထိ အပြောင်းအလဲလုပ်ခဲ့တဲ့ လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက် အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
ပလိုင်းမောက်အသင်းရဲ့ ကစားပုံက အခွင့်အရေးတွေရရှိဖို့ ခက်ခဲခဲ့ပြီး ကစားသမားတွေဘက်ကလည်း ပိုကောင်းတဲ့ကစားပုံ ပြသနိုင်ခဲ့သင့်ကြောင်း၊ နောက်တဆင့် တက်ရောက်နိုင်ဖို့ မျှော်လင့်ထားပေမဲ့ ပြိုင်ဘက် ပလိုင်းမောက်အသင်းကိုလည်း ချီးကျူးရမှာဖြစ်ကြောင်း နည်းပြစလော့က ပြောသွားပါတယ်။