
လီဗာပူးအသင်းမှာ ဆာလာ လိုမျိုး ကစားသမားရှိတာက နိုင်ပွဲရဖို့ အကူအညီဖြစ်ကြောင်း နည်းပြ အာနဲစလော့က ပြောသွားပါတယ်။
ဘုန်းမောက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဆာလာက အနိုင်ဂိုး ၂ ဂိုးလုံး သွင်းယူခဲ့ပြီး လိဂ်သွင်းဂိုး ၂၁ ဂိုးအထိ ရှိလာခဲ့ပါတယ်။
ဘုန်းမောက်အသင်းက အသင်းကြီးတွေကို အနိုင်ယူခဲ့တဲ့အသင်းဖြစ်လို့ ခက်ခဲတဲ့ပွဲ ဖြစ်ခဲ့ပေမဲ့ ဆာလာလို ကစားသမားရှိတာက နိုင်ပွဲရဖို့ အကူအညီဖြစ်စေခဲ့တယ်လို့ နည်းပြ စလော့က ပြောပါတယ်။
ဒါ့အပြင် အသင်းလိုက်စွမ်းဆောင်ရည်၊ တဦးချင်း အရည်အချင်းနဲ့ လုပ်အားနှုန်းတွေကလည်း နိုင်ပွဲရစေတာဖြစ်ပြီး ပွဲအစကနေ အဆုံးအထိ တိုက်ပွဲဝင်ကစားဖို့လည်း လိုအပ်ကြောင်း၊ ဒီလိုစွမ်းဆောင်နိုင်မှသာ လိဂ်ပြိုင်ပွဲတခုမှာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ကြောင်း နည်းပြအာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးဟာ ဘုန်းမောက်ကို အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက အာဆင်နယ်ကို ၉ မှတ် အထိ ဖြတ်နိုင်ခဲ့ပါတယ်။