
ဘရာဇီးနာမည်ကြီးတိုက်စစ်မှူး နေမာကို စာချုပ်ဖျက်သိမ်းခဲ့တဲ့ အယ်လ်ဟီလယ်အသင်းဟာ လီဗာပူးတိုက်စစ်ကစားသမား မိုဆာလာကို ခေါ်ယူဖို့ အာရုံစိုက်လုပ်ဆောင်လာပါတယ်။
ဆာလာဟာ အခုနှစ်ရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်တိုးဖို့ကိစ္စ အဆင်မပြေ ဖြစ်နေတာပါ။
အယ်လ်ဟီလယ်အသင်းဟာ လုပ်ခများစွာပေးချေထားရတဲ့ နေမာနဲ့ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး ဆာလာကို အစားထိုးခေါ်ယူဖို့ လုပ်ဆောင်လာတာပါ။
ဆော်ဒီလိဂ် ချန်ပီယံအသင်းဟာ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အတောင့်တင်းဆုံး လူစာရင်းဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
Photo-Reuters