လီဗာပူးအသင်းဟာ တိုက်စစ်ကစားသမား မိုဆာလာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ နီးစပ်လာပါတယ်။
အသက် ၃၂ နှစ်ရှိ အီဂျစ်ကစားသမားဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အနာဂတ်မရေမရာ ဖြစ်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ဆာလာကို သက်တမ်းတိုးနိုင်ဖို့ နီးစပ်လာပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် မကုန်ခင်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ရှိတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။
လီဗာပူးအသင်းဟာ နောက်ခံလူ ၂ ယောက်ဖြစ်တဲ့ ဗန်ဒိုက်နဲ့ အာနိုးလ်တို့ကိုလည်း သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမဲ့ ဆာလာအပါအဝင် အဓိကကစားသမား ၃ ယောက်ထဲကနေ တယောက်ကိုပဲ သက်တမ်းတိုးနိုင်ဖို့ ရှိတယ်လို့ မာကာသတင်းစာက ဖော်ပြသွားပါတယ်။
ဆာလာဟာ ၂၀၁၇ ခုနှစ်က ရိုးမားကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနဲ့ စုစုပေါင်း ၃၇၂ ပွဲမှာ ၂၂၇ ဂိုး သွင်းထားသလို ဆုဖလား ၈ လုံး ရရှိအောင်လည်း စွမ်းဆောင်ထားသူ ဖြစ်ပါတယ်။