
တိုက်စစ်ကစားသမား မိုဆာလာကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိကြောင်း လီဗာပူးနည်းပြ အာနဲစလော့က ဝန်ခံပြောသွားပါတယ်။
အီဂျစ်ကစားသမားဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ကိစ္စ အဆင်မပြေသေးတာကြောင့် အသင်းကနေ ထွက်ခွာဖို့ အခွင့်အရေး များသွားပြီဖြစ်ကြောင်း လူသိရှင်ကြား ဝန်ခံထားသူပါ။
နည်းပြ အာနဲစလော့ ကတော့ ဆာလာ ကိုခေါ်ယူဖို့ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းချက် ရရှိထားကြောင်း ဝန်ခံခဲ့ပြီး ဆာလာ လို ကစားသမားကို အသင်းတိုင်းက ခေါ်ယူချင်ကြမှာ ဖြစ်ကြောင်း ပြောပါတယ်။
လီဗာပူးအသင်းဘက်ကလည်း ဆာလာကို စာချုပ်သက်တမ်းတိုးသွားချင်ပြီး မိမိကိုယ်တိုင်လည်း ဆာလာကို အသင်းမှာ ဆက်ရှိစေချင်ကြောင်း နည်းပြစလော့က ပြောပါတယ်။ ဆာလာဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၇၆ ဂိုးရှိ သွားပြီဖြစ်ပြီး နောက်ထပ် တစ်ဂိုး သွင်းနိုင်မယ်ဆိုရင် ဖရန့်လမ်းပတ်ရဲ့ သွင်းဂိုးစံချိန်ကို လိုက်မီတော့မှာဖြစ်ပါတယ်။