
အင်္ဂလန်ဘောလုံးလိဂ်တွေမှာ လူငယ်ကစားသမားတွေ အခွင့်အရေး နည်းပါးစေတဲ့အချက်ကို ပြုပြင်ပြောင်းလဲဖို့ လီဗာပူးနည်းပြ အာနဲစလော့က ထောက်ပြပြောဆိုသွားပါတယ်။
လီဗာပူး နည်းပြဟာ အက်ဖ်အေဖလား တတိယအဆင့်မှာတုန်းက လူငယ်ကစားသမား ၅ ယောက်လောက်အထိ ပွဲထွက်ကစားခွင့်ပေးခဲ့ပြီး လူငယ်ကစားသမားတွေကို အခွင့်အရေး ပေးခဲ့တာပါ။
ဒါပေမဲ့ ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်ဘောလုံးလိဂ်တွေမှာ ပွဲတစ်ပွဲအတွက် ကစားသမား အယောက် ၂၀ သာ ကွင်းထဲကို ခေါ်ဆောင်လာခွင့်ရှိတာပါ။
ဥရောပပြိုင်ပွဲတွေနဲ့ တခြားဥရောပနိုင်ငံက လိဂ်ပြိုင်ပွဲတွေမှာတော့ ပွဲတပွဲအတွက် ကစားသမား ၂၃ ယောက်အထိ ခေါ်ဆောင်ခွင့်ရှိပါတယ်။
အင်္ဂလန်ကလပ်တွေဟာ တခြားလိဂ်တွေထက် ပြိုင်ပွဲပိုများပေမဲ့ ကစားသမား အယောက် ၂၀ ပဲ ခေါ်ဆောင်လာခွင့်ရှိတာဟာ နားမလည်နိုင်တဲ့ အချက်ဖြစ်ပြီး လူငယ်တွေကို အခွင့်အရေးပိုမိုရရှိစေဖို ၂၃ ယောက်အထိ သတ်မှတ်ပေးဖို့ လိုအပ်ကြောင်း နည်းပြစလော့က ပြောသွားပါတယ်။