
လီဗာပူးနဲ့ အနာဂတ်ဆက်ရှိမလား မသိနိုင်သေးကြောင်း နောက်ခံလူ ဗန်ဒိုက်က ပြောသွား ပါတယ်။
ဗန်ဒိုက်ဟာ စပါးအသင်းကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ အနိုင်ဂိုး တဂိုးသွင်းခဲ့ပြီး အသင်းရဲ့ အရေးပါဆုံးကစားသမားတယောက်အဖြစ် ခြေစွမ်းပြသနေတာပါ။
ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့်အပေါ် မစဉ်းစားသေးကြောင်းနဲ့ လာမယ့်ရာသီမှာ ဆက်ရှိမလားဆိုတာကလည်း မသိရှိနိုင်သေးကြောင်း ဗန်ဒိုက်က ပြောပါတယ်။
အသင်း၊ ပရိသတ်တွေနဲ့ အပြန်အလှန်ချစ်ခင်မှုရှိပြီး ဒီအချက်က အောင်မြင်မှုရဖို့ အခြေခံအချက် ဖြစ်ကြောင်း၊ နောက်ထပ် ၃ ၊ ၄ နှစ်အထိ အမြင့်ဆုံးအဆင့်မှာ ကစားနိုင်စွမ်းရှိသေးတယ်လို့ ယုံကြည်ကြောင်း ဗန်ဒိုက်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဗန်ဒိုက်အပါဝင် မိုဆာလာ၊ အာနိုးလ်တို့နဲ့လည်း စာချုပ်သက်တမ်းတိုးဖို့ မရေမရာ ဖြစ်နေပါတယ်။
Photo: Reuters