
ကွင်းလယ်လူ ဒူကိုယေးအပေါ် လူမျိုးရေးခွဲခြားမှုတွေကို ကန့်ကွက်ကြောင်း လီဗာပူးနဲ့ အဲဗာတန် အသင်းတို့က ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
ဒူကိုရေးဟာ လီဗာပူးနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်အပြီးမှာ လီဗာပူးပရိသတ်တွေဆီ ပြေးလွှားကာ တိတ်ဆိတ်နေဖို့ လက်ဟန်အမူအယာနဲ့ ပြုလုပ်ကာ အောင်ပွဲခံခဲ့တာပါ။
အဲဒီအပေါ် လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးစ်က သွားရောက် တွန်းထိုးခဲ့ပြီးနောက် နှစ်ဖက်အသင်းကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရပြီး ကစားသမား ၂ ယောက်စလုံး အပြင် နည်းပြ အာနဲစလော့လည်း ထုတ်ပယ်ခံခဲ့ရပါတယ်။
လီဗာပူးပရိသတ်တွေက ဒူကိုယေးအပေါ် လူမျိုးရေးခွဲခြားမှုတွေကို နှစ်သင်းစလုံးက လုံးဝသည်းခံသွားမှာမဟုတ်ဘဲ မာဆေးဆိုဒ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အရေးယူသွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
လူမျိုးရေးခွဲခြားမှုတွေကို ကွင်းထဲမှာ အပါအဝင် လူမှုအဖွဲ့အစည်းနဲ့ ဆိုရှယ်မီဒီယာ အွန်လိုင်းတွေ အပေါ်မှာ နေရာမရှိစေဖို့ နှစ်သင်းစလုံးက အတူတကွ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။