
အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီမှာ ကွင်းလယ်လူ ဒူကိုရေးက ပရိသတ်တွေကိုရန်စဖို့ ကြိုးစားခဲ့တာ ကြောင့် ပြဿနာဖြစ်ခဲ့ရတာလို့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကပြောသွားပါတယ်။
ပွဲပြီးခရာမှုတ်ချိန်မှာ အဲဗာတန်ကွင်းလယ်လူ ဒူကိုရေးက လီဗာပူးပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်ဆီ ပြေးသွားပြီး နှုတ်ဆိတ်နေကြဖို့ လက်ဟန်အမူအယာနဲ့ ပြသခဲ့တာပါ။
အဲဒီအပေါ် လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးစ်က ဝင်ရောက် တွန်းထိုးရာကနေ နှစ်ဖက်အသင်းကြားမှာ ရုန်းရင်ဆန်ခတ်ဖြစ်သွားခဲ့တာပါ။
အဲဒီနောက် ကစားသမား ၂ ယောက်စလုံးကို ကွင်းလယ်ဒိုင်က အနီကတ်ပြသကာထုတ်ပယ်ခဲ့ သလို လီဗာပူးနည်းပြ အာနဲစလော့ဟာလည်း အနီကတ်ပြသခံခဲ့ရပါတယ်။
ပြဿနာရဲ့အရင်းခံက ဒူကိုရေးက ပရိသတ်တွေကို ရန်စလိုတာကြောင့်ဖြစ်ပြီး ကာတစ်ဂျုံးစ်က မဖြစ်သင့်တဲ့အရာလို ထင်ခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဗန်ဒိုက်က ပွဲအပြီးမှာရှင်းလင်းသွားပါတယ်။
Photo: Reuters