
လီဗာပူးနဲ့ အမှတ်ကွာဟချက် ကြီးမားနေပေမဲ့ ချန်ပီယံဆုအတွက် လက်လျှော့သွားမှာ မဟုတ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောပါတယ်။
မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ်သာ ရရှိခဲ့တဲ့ အာဆင်နယ်ဟာ တပွဲလျော့အခြေအနေမှာ လီဗာပူးနဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့တာပါ။
နော်တင်ဟမ်နဲ့ပွဲအပြီးမှာတော့ ချန်ပီယံမျှော်လင့်ချက်နဲ့ ပတ်သက်လို့ အရင်အတိုင်း မပြောင်းလဲသေးကြောင်း၊ ကိုယ်ကစားရမယ့် ပွဲစဉ်တိုင်းကို အနိုင်ရရှိအောင်လုပ်ဆောင်ပြီး အမှတ်ဘယ်လောက်ရရှိမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
၂ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တာနဲ့ ပတ်သက်လို့ တိုက်စစ်ပိုင်း အားနည်းမှုတွေရှိကြောင်း နည်းပြ အာတေတာက ဝန်ခံသွားပါတယ်။
အာဆင်နယ်ဟာ နော်တင်ဟမ်နဲ့ပွဲမှာ ဂိုးပေါက်တည့်တဲ့ကန်ချက် တကြိမ်သာရှိခဲ့ပြီး အခုနှစ်ရာသီမှာ အလားတူအဖြစ်မျိုး ၃ ပွဲမြောက် တွေ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။
Photo: Reuters