
အာဆင်နယ်အသင်းပရိသတ်တွေဟာ ပြိုင်ဘက်လီဗာပူးအသင်းကို ချန်ပီယံအဖြစ် ကြိုဆို ပေးရမယ့်အရေး ကြိုတင်ပြီး စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ပွဲစဉ် ၂၆ အပြီးမှာ လီဗာပူးထက် တပွဲလျော့အခြေအနေမှာ ၁၁ မှတ် ကွာဟနေတာပါ။
ပြိုင်ပွဲပြီးဆုံးဖို့ လက်ကျန် ၂ ပွဲ အလိုဖြစ်တဲ့ ပွဲစဉ် ၃၆ မှာ အာဆင်နယ်က လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရမှာပါ။
အဲဒီပွဲစဉ်မတိုင်ခင် လီဗာပူးအသင်းက ချန်ပီယံဖြစ်ဖို့ သေချာသွားမယ်ဆိုရင် အာဆင်နယ်နဲ့ပွဲမှာ ချန်ပီယံအသင်းအဖြစ် အာဆင်နယ်အသင်းသားတွေက ကြိုဆိုပေးသွားရမှာပါ။
အဲဒီ အခြေအနေဖြစ်လာမှာကို အာဆင်နယ်ပရိသတ်တွေက စိုးရိမ်မိပေမဲ့ အမှန်တကယ်ဖြစ်လာ နိုင်ကြောင်း အာဆင်နယ်ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာရေးတင်ကြပါတယ်။
လီဗာပူး ပရိသတ်တွေကတော့ နည်းပြအာတေတာဟာ လီဗာပူးအသင်းကို ချန်ပီယံအဖြစ် တကြိမ်ကြိုဆိုပေးခဲ့ဖူးကြောင်း၊ အဲဒီအချိန်မှာ ဆာကာတယောက် ကြံ့ခိုင်မှုပြည့်၀ နေဖို့ မျှော်လင့်ကြောင်း လှောင်ပြောင်နေကြပါတယ်။
Photo: Reuters