
လီဗာပူးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်မယ်ဆိုရင် အသင်းဂျာစီစပွန်ဆာ ကုမ္ပဏီ နိုက်ကီကနေ ပေါင် ၂ သန်း ဆုကြေးရရှိမယ်လို့ သိရပါတယ်။
ဟော်လန်နည်းပြ အာနဲစလော့ရဲ့ လီဗာပူးဟာ ပြီးခဲ့တဲ့တပတ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် ဒုတိယနေရာက အာဆင်နယ်ကို ၁၁ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။
နိုက်ကီဟာ လီဗာပူးနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အခုနှစ်ရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။
စာချုပ်သက်တမ်း နောက်ဆုံးနှစ်မှာပဲ သတ်မှတ်ထားတဲ့ ဆုကြေးရယူနိုင်ဖို့ အခွင့်အရေးများသွားခဲ့တာ ဖြစ်ကြောင်း The Athletic သတင်းမှာ ဖော်ပြပါတယ်။
လီဗာပူးအသင်းဟာ ဥရောပချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲရောက်ရှိမယ် ဆိုရင်တော့ နောက်ထပ် ပေါင် ၂ သန်း၊ ချန်ပီယံဖြစ်မယ်ဆိုရင် ပေါင် ၄ သန်း ဆုကြေးထပ်မံရရှိမယ်လို့ သိရပါတယ်။