
လီဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်အရာရှိချုပ်က အတည်ပြုပါတယ်။
အသက် ၂၁ နှစ်ရှိ ဂျာမန်ကွင်းလယ်လူဟာ လီဗာကူဆင်မှာခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကလည်း ခေါ်ယူဖို့ လုပ်ဆောင်နေတာပါ။
ဘိုင်ယန်အမူဆောင်အရာရှိချုပ် ရူမင်နစ်ဂီကတော့ ဝစ်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားတယ်ဆိုတာကို လျို့ဝှက်စရာ မရှိကြောင်း၊ ဝစ်ဇ်ကို ခေါ်ယူမဲ့ အစီအစဉ်ဟာ ပြိုင်ဘက်အသင်းကို အားနည်း စေချင်လို့ မဟုတ်ဘဲ မိမိအသင်းကို အင်အားတောင့်တင်းအောင် လုပ်ဆောင်တာဖြစ်ကြောင်း ပြောပါတယ်။
ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမားဟာ လီဗာကူဆင်နဲ့ ၁၈၈ ပွဲမှာ ၅၆ ဂိုးသွင်းပြီး ၆၃ ကြိမ် ဂိုးဖန်တီးထားသူဖြစ်ပါတယ်။
Photo;Reuters