
ဘိုင်ယန်မြူးနစ်နဲ့ ဥရောပချန်ပီယံလိဂ် ပလေးအော့ဖ်ပွဲစဉ်မှာ ရလဒ်ပိုင်း ဘာမဆိုဖြစ်နိုင်ကြောင်း ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောသွားပါတယ်။
ဆဲလ်တစ်အသင်းဟာ ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းမှာ ဘိုင်ယန်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။
အသင်းရဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်ကြောင့် ဘိုင်ယန်နဲ့ပွဲမှာ ဘာမဆိုဖြစ်လာနိုင်ပြီး ဒုတိယအကျော့အတွက် မျှော်လင့်ချက် ကျန်ရှိနေဖို့ လိုအပ်ကြောင်း နည်းပြရော်ဂျာက ပြောပါတယ်။
အသင်းရဲ့ လျင်မြန်တဲ့စွမ်းဆောင်ရည်နဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေမှာ တိုးတက်မှုတွေရှိပြီး ဒီပွဲက ဘိုင်ယန်မြူးနစ်ကို စိန်ခေါ်နိုင်ဖို့ အခွင့်အရေးတခုဖြစ်ကြောင်း နည်းပြရော်ဂျာက ပြောသွားပါတယ်။
Photo-Reuters