Home
မြန်မာသတင်း
ပဲခူးတွင် ဆရာက ကျောင်းသားကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး ထွက်ပြေး
DVB
·
February 28, 2025
pague1

ပဲခူးမြို့နယ် အင်းတကော်မြို့မှာ လက်ထောက်မူလတန်းပြ ကျောင်းဆရာတယောက်က G7 ကျောင်းသားတယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

အင်းတကော်မြို့ နိုင်သာယာကျေးရွာ အလယ်တန်းကျောင်းခွဲက လက်ထောက်မူလတန်းပြ ကျောင်းဆရာ ဦးအောင်သူဝင်းက G7 ကျောင်းသားတယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ပြီး ထွက်ပြေးနေတာလို့ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။

“G7 က ကလေးရော၊ ကျန်တဲ့ကလေးတွေပါ လိင်ပိုင်းဆိုင်ရာကျူးလွန်တာ သိတာက ဖေဖော်ဝါရီလ အစကတည်းက၊ ကလေးတွေစာမေးပွဲဖြေပြီးအောင် စောင့်နေလို့ ၂၆ ရက်ကမှ အမှုဖွင့်တာ၊ အဲ့ဒီကျောင်းဆရာကတော့ ထွက်ပြေးသွားပြီ။” 

ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာကျူးလွန်နေတာကို ကျောင်းသား၊ ကျောင်းသူတွေက မိဘတွေကို ဖေဖော်ဝါရီ ၁၅ ရက်က ပြန်ပြောပြခဲ့လို့ ကျောင်းသားမိဘတွေ သိရတာလို့ သူက ပြောပါတယ်။

ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာကျူးလွန်တာကို သိသွားတဲ့မိဘတွေမှာ မခံမရပ်နိုင်ဖြစ်ပြီး နိုင်သာယာကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာမကြီးကို တိုင်ကြားခဲ့ပြီးနောက် ဦးအောင်သူဝင်းမှာ ထွက်ပြေးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ကျောင်းဆရာက ငြင်းတာ။ အဲ့လိုငြင်းလို့ ကျောင်းသားတွေကို သေချာမေးတယ်၊  ညအိပ်စာသွားသင်တဲ့ ကလေးက သူ့ကို ညတိုင်းဆရာက လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ပြောလို့ အမှုဖွင့်တာ။ သူနေတဲ့ ရှမ်းကုန်းရွာမှာ သွားရှာတယ်မတွေ့ဘူး၊ ကျောင်းဘက်ကလည်း တာဝန်ကနားထားတယ်ဆိုပြီး ရှောင်ထွက်သွားတယ်။” 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း  ပဲခူးမြို့ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲမှာ G5 ကနေ G8 ကျောင်းသား ၄၈ ယောက် လိင်ပိုင်းဆိုင်ရာကျူလွန်ခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး ဦးသက်ဇော်အောင်ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013