
လက်ကျန်ပွဲစဉ်တွေ အများကြီးရှိသေးတဲ့အတွက် ချန်ပီယံဆုအတွက် မစဉ်းစားသေးကြောင်း လီဗာပူးနည်းပြ အာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နော်တင်ဟမ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ အာဆင်နယ်ကို တပွဲပို အခြေအနေမှာ ၁၃ မှတ်အထိ အသာရနေတာပါ။
နည်းပြ စလော့ကတော့ ချန်ပီယံဆုအတွက် မစဉ်းစားသေးကြောင်းနဲ့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက်ပဲ အာရုံစိုက်ထားကြောင်း ပြောပါတယ်။
လာမယ့် မတ်လအတွင်းမှာ ချန်ပီယံလိဂ်နဲ့ လိဂ်ရှုံးထွက်ဖလားပွဲစဉ်တွေကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် တပွဲသာ ကစားရမှာဖြစ်ကြောင်း၊ ရေရှည်အတွက် အာရုံမစိုက်နိုင်သေးကြောင်းနဲ့ ပီအက်စ်ဂျီနဲ့ပွဲစဉ်က ခက်ခဲတဲ့ပွဲစဉ် ဖြစ်လာမှာကို ကစားသမားအားလုံး သိရှိထားကြောင်း နည်းပြ အာနဲစလော့က ပြောသွားပါတယ်။
Photo: Reuters