Home
နိုင်ငံတကာ
Apple က အမေရိကန်တွင် ဒေါ်လာ ၅၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
DVB
·
February 25, 2025
Photo: Reuters

လာမယ့် ၄ နှစ်အတွင်း အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ ၅၀၀ အသုံးပြုမယ်လို့ Apple က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

Apple ရဲ့ အစီအစဉ်ထဲမှာ တက္ကဆက်ပြည်နယ်မှာ အေအိုင်ဆာဗာတွေ သုတေသနပြုမှု ၂၀,၀၀၀ အပါအဝင် အလုပ်အကိုင် အခွင့်အလမ်းတွေ များကြီးဖန်တီးပေးမယ်လို့ ဆိုထားပါတယ်။

ဒေါ်လာ ၅၀၀ ဘီလီယံဟာ အမေရိကန်ရှိ Apple TV+ စီးရီး ရုပ်သံဇာတ်လမ်းတွဲနဲ့ တီဗွီရှိုးတွေ ဝယ်ယူသူတွေရဲ့ ငွေကြေးတွေလည်း ပါဝင်တယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်အခြေစိုက် ပစ္စည်းပံ့ပိုးသူတွေ ဘယ်လောက်ရှိတယ် ဆိုတာတော့ Apple က ပြောကြားခဲ့ခြင်း မရှိပါဘူး။

အဲဒီအထဲမှာ iPhone တွေအတွက် ကန်တက်ကီမှာ ဖုန်းမျက်နှာပြင်မှန်တွေ ထုတ်လုပ်ပေးတဲ့ ကော်နီးလို ကုမ္ပဏီတွေ ပါဝင်ပါတယ်။

Apple စီအီးအို တင်ကွတ်နဲ့ သမ္မတထရမ့်ပ်တို့ ပြီးခဲ့တဲ့အပတ်က တွေ့ဆုံမှုအပြီး ရင်းနှီးမြှုပ်နှံမှုကိစ္စ ထွက်လာတာပါ။

Apple ထုတ်ကုန် အများအပြားဟာ တရုတ်နိုင်ငံမှာ ထုတ်လုပ်နေတာဖြစ်ပြီး ပြည်ပတင်သွင်းခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာပါ်

Apple ဟာ ထရမ့်ပ် သမ္မတ ပထမသက်တမ်းမှာ တရုတ်ထုတ်ကုန်တင်သွင်းမှုနဲ့ ပတ်သက်ပြီး အခွန်ပယ်ဖျက်မှုတချို့ ရရှိခဲ့ဖူးပါတယ်။

ဒီကတိပြုမှုမှာ Apple ရဲ့ အမေရိကန် ပြည်တွင်းအသုံးပြုမှုတွေအားလုံး ပါဝင်ဖွယ်ရှိတယ်လို့ D.A. Davidson ရှိ သုံးသပ်သူ ဂီးလ်လူရီယာက ပြောပါတယ်။

အဲဒီအသုံးပြုမှုထဲမှာ အထွေထွေအသုံးစရိတ်နဲ့ စီမံခန့်ခွဲရေးကုန်ကျမှုတွေ ပါဝင်ပြီး ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ဂီးလ်လူရီယာက သုံးသပ်ထားပါတယ်။

Apple ဟာ ၂၀၁၈ ခုနှစ်ကလည်း အခုလို အမေရိကန်မှာ အသုံးစရိတ်ပြတဲ့ အစီအစဉ်တခုကို ကြေညာခဲ့ဖူးပါတယ်။

ထရမ့်ပ်ရဲ့ သမ္မတ ပထမသက်တမ်းတုန်းက အမေရိကန် စီးပွား​ရေးမှာ ၅ နှစ်ကျော်အတွင်း ဒေါ်လာ ဘီလီယံ ၃၅၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာခဲ့ဖူးတာပါ။

ထရမ့်ပ်ကတော့ Truth ဆိုရှယ်မီဒီယာမှာ Apple နဲ့ တင်ကွတ်ကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပြီး ဒီလို ရင်းနှီးမြှုပ်နှံတာက သူ့အစိုးရအဖွဲ့ရဲ့ ယုံကြည်မှုကို ရစေတယ်လို့ ဖော်ပြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013