
တောင်ကိုးရီးယားနိုင်ငံ၊ အန်ဆုန်းမြို့၊ အဝေးပြေးလမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဖေဖော်ဝါရီ ၂၅ ရက်မနက်က မတော်တဆမှုဖြစ်မှုတခုကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်အေဂျင်စီက ပြောပါတယ်။
အမြန်လမ်းတံတားကို အထောက်အကူပေးတဲ့ မီတာ ၅၀ အရှည်ရှိ သံမဏိ ဆောက်လုပ်ရေး ပစ္စည်းတွေကို ကရိန်းနဲ့ နေရာတကျ တင်ချီထားရှိပြီးနောက်မှာ သံမဏိဘောင် ဖရိန်မ် ၅ ခုက တခုပြီးတခု ပြိုလဲကျသွားရာက မတော်တဆ ဖြစ်ခဲ့ရကြောင်း ယွန်ဟက်ပ်သတင်းဌာနက ဖော်ပြပါတယ်။
လက်ရှိအချိန်အထိ လူ ၂ ယောက်သေဆုံးခဲ့ပြီး ၇ ယောက် ဒဏ်ရာရထားကြောင်းနဲ့ ၆ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေကြောင်း အမျိုးသားမီးသတ်အေဂျင်စီက ပြောပါတယ်။
ရနိုင်သမျှ လူအင်အားနဲ့ ပစ္စည်းကိရိယာ အရင်းအမြစ်အားလုံးကို စုစည်းပြီးတော့ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ဖို့နဲ့ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်နိုင်အောင် လုံခြုံရေးအစီအမံတွေကို ဆောင်ရွက်ပေးဖို့ ယာယီသမ္မတ ချွဲဆန်းမော့က တောင်းဆိုထားကြောင်း သမ္မတရုံးခန်းက ထုတ်ပြန်ထားပါတယ်။
Source: Reuters