
ရလဒ်ဆိုးနေတဲ့ လက်စတာအသင်းဟာ လက်ထောက်နည်းပြ ၂ ယောက်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖိုဒ်အသင်းကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးပွဲတွေ့ခဲ့တဲ့ လက်စတာအသင်းဟာ နောက်ဆုံး ၁၁ ပွဲမှာ ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် လက်ထောက်နည်းပြတွေကို ထုတ်ပယ်ခဲ့တာပါ။
လက်ထောက်နည်းပြ ဘင်ဒေါ်ဆင်နဲ့ ဒမ်နီအဲလ်ကွတ်ခ်တို့ဟာ အရင်နည်းပြဟောင်း စတိကော့ပါး လက်ထက်က နည်းပြတွေဖြစ်ပြီး နည်းပြချုပ် နစ္စတယ်ရွိင်းက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အမှတ်ပေးဇယားအဆင့် ၁၉ ရောက်နေတဲ့ လက်စတာအသင်းဟာ တန်းဆင်းဇုန်ကနေ လွတ်ဖို့ အဆင့် ၁၇ က ဝုဗ်နဲ့ ၅ မှတ်ကွာဟနေတာပါ။
အပတ်စဉ်တိုင်းမှာ မိမိတို့ထက် ပိုကောင်းတဲ့အသင်းတွေနဲ့ ရင်ဆိုင်နေရပြီး အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ လိုအပ်ကြောင်း၊ အသင်းမှာရှိတဲ့ လူစာရင်းအရ ပရီးမီးယားလိဂ်မှ ဆက်လက်ရှင်သန်နိုင်ဖို့ ခက်ခဲတာက အရှိတရားဖြစ်ကြောင်း နည်းပြနစ္စတယ်ရွိင်းက ပြောသွားပါတယ်။