
နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ ကို အမြန်ဆုံး ပြည့်မြောက်တဲ့ ကစားသမားစာရင်းမှာ ပါဝင်လာပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ နော်တင်ဟမ်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုး ထပ်သွင်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၅၀ အထိ ရှိလာခဲ့တာပါ။
အီဆက်ခ်ဟာ ပရီးမီးယားလိဂ် ၇၆ ပွဲမှာပဲ ဂိုး ၅၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး သမိုင်းတလျှောက်မှာ ၇ ယောက်မြောက် ဂိုး ၅၀ အမြန်ဆုံးပြည့်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့တာပါ။
ပရီးမီးယားလိဂ်သမိုင်းမှာ ဟာလန်းက ၄၈ ပွဲတည်းနဲ့ ဂိုး ၅၀ ပြည့်မြောက်ခဲ့သူဖြစ်ပြီး တောရက်စ်နဲ့ ဆာလာတို့က ၇၂ ပွဲကစားပြီး ဂိုး ၅၀ ပြည့်ခဲ့တာပါ။
ထိပ်တန်း ၆ ယောက်စာရင်းမှာ အလန်ရှီးယားက ၆၆ ပွဲနဲ့ ဂိုး ၅၀ ပြည့်ခဲ့ပြီး အင်ဒီကိုးလ်က ၆၈ ပွဲနဲ့ ဂိုး ၅၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။