
တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှာ ယွမ်ငွေ ၁၂ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂ ဘီလီယံ) တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေကို ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ရောင်းလိုက်ပါတယ်။
အခုနှစ်အတွက် ပထမအသုတ် ထုတ်ရောင်းရာမှာ ၂ နှစ်စာချုပ် ယွမ် ၃ ဒသမ ၅ ဘီလီယံဖိုး၊ ၃ နှစ်စာချုပ် ယွမ် ၃ ဘီလီယံဖိုး၊ ၅ နှစ်စာချုပ် ယွမ် ၃ ဘီလီယံဖိုး၊ ၁၀ နှစ်စာချုပ် ယွမ် ၂ ဘီလီယံဖိုးနဲ့ နှစ် ၃၀ စာချုပ် ယွမ် ၁ ဘီလီယံဖိုးတို့ ပါဝင်ပါတယ်။
အခုအချိန်အထိ ဝန်ကြီးဌာနဟာ ဟောင်ကောင်က ငွေတိုက်စာချုပ်တွေမှာ စုစုပေါင်း ယွမ် ၃၆၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၃ ဘီလီယံဖိုး) ထုတ်ရောင်းပေးခဲ့ပြီး ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှာ ယွမ်ငွေနဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းတဲ့ ၁၇ နှစ်ဆက်တိုက် အထိမ်းအမှတ် ဖြစ်ပါတယ်။
ငွေတိုက်စာချုပ်တွေ ထုတ်ပေးခြင်းအားဖြင့် တရုတ်ဟာ ယွမ်ငွေနဲ့ ငွေတိုက်စာချုပ် ပုံမှန်ထုတ်ပေးတဲ့ ယန္တရားကို တိုးတက်ကောင်းမွန်စေဖို့နဲ့ ဟောင်ကောင်ရဲ့ အဆင့်အတန်းကို နိုင်ငံတကာ ဘဏ္ဍာရေးဗဟိုချက်အဖြစ် ပိုမိုခိုင်မာစေဖို့ တရုတ်အစိုးရက ရည်ရွယ်ထားပါတယ်။
Source : Reuters