
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်အတွင်း ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံနေရတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ ဖေဖော်ဝါရီ ၁၆ ရက်က မဲဆောက်မြို့ကို ရောက်နေပါတယ်။
တရုတ်လက်ထောက်ဝန်ကြီး Liu Zhongyi နဲ့ အဖွဲ့ဟာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁ နဲ့ ၂ ကိုလည်း လာရောက်လေ့လာခဲ့ပြီး မြဝတီမြို့ နယ်ခြားစောင့်တပ် (BGF) စုပေါင်းရုံးမှာ ကရင်လက်နက်ကိုင်တွေ၊ မြန်မာတာဝန်ရှိသူတချို့နဲ့ ဆွေးနွေးသွားတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာ-ထိုင်းနယ်စပ်က အွန်လိုင်းကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေသူတွေကို အမြစ်ပြတ်တဲ့အထိ ဖမ်းဆီးနှိမ်နင်းဖို့နဲ့ လူကုန်ကူးခံနေရတဲ့ တရုတ်နိုင်ငံသားတွေ ကိုယ့်ဒေသကို ပြန်ပို့ဆောင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
တရုတ်လက်ထောက်ဝန်းကြီးနဲ့အဖွဲ့ဟာ နောက် ၂ ရက်လောက်အထိ မဲဆောက်မှာ ရှိနေမယ်လို့ သိရပါတယ်။