Home
နိုင်ငံတကာ
အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေး ဓားစာခံ ၃ ဦးကို ဟားမတ်စ် ပြန်လွှတ်ပေး 
DVB
·
February 16, 2025
Photo: GPO/Handout via REUTERS

အစ္စရေးဓားစာခံ ၃ ယောက်ကို ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဟားမတ်စ်က ဖေဖော်ဝါရီ ၁၅ ရက် စနေနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

၄၂ ရက်ကြာ အပစ်ခတ်ရပ်စဲရေး အဆုံးသတ်မှာကို စိုးရိမ်တာကြောင့် ဟားမတ်စ်က ဓားစာခံတွေကို ပြန်လွှတ်ပေးခဲ့တာပါ။

ဓားစာခံတွေကို မလွှတ်ပေးရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကျိုးပျက်မှာဖြစ်လို့ အီဂျစ်နဲ့ ကာတာတို့က ကြားဝင်ညှိနှိုင်းပြီး အကူအညီပေးခဲ့ရပါတယ်။ 

ပြန်လွတ်လာတဲ့ ဓားစားခံတွေဖြစ်တဲ့ အမေရိကန်-အစ္စရေး ဒီကယ်ချန်၊ ရုရှား-အစ္စရေး ထရိုဖန်နော့နဲ့ ဟွန်တို့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ် သေနတ်သမားတွေရဲ့  ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

အစ္စရေးဓားစာခံ ၃ ယောက်ဟာ ခန်ယိုးနစ်စ်ရှိ လွတ်မြောက်ရေး စခန်းတခုကို ရောက်ရှိလာခဲ့ပြီး မောင်းပြန်ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ စစ်သွေးကြွတွေက သူတို့ရဲ့ တဖက်တချက်မှာ ရံပြီး စင်မြင့်ပေါ်  ခေါ်ဆောင်လာပါတယ်။

အဲဒီနောက် သူတို့ ၃ ဦးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဆီကို လွှဲပြောင်းပေးအပ်ခဲ့ပြီးတော့ အစ္စရေးတပ်ဖွဲ့တွေဆီ ပို့ဆောင်မှာ ဖြစ်ပါတယ်။ 

ဓားစာခံ ၃  ယောက်လွှတ်ပေးတာကို ခန်းယူနစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတကာကြက်ခြေနီကော်မတီက လွှဲပြောင်းမှုကို လက်ခံခဲ့တာပါ။ ကြက်ခြေနီအဖွဲ့ဟာ ဓားစာခံတွေကို အစ္စရေးတွေဆီ ပို့ပေးရမှာလည်း ဖြစ်ပါတယ်။ 

အစ္စရေး ဓားစာခံ ၃ ယောက်နဲ့ ပါလက်စတိုင်းအကျဉ်းသား ၂၆၉ ယောက် လဲလှယ်ဖို့ ဟားမတ်စ်က ပြောပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ပိတ်ဆို့ခြင်းအားဖြင့် အပစ်အခတ်ရပ်စဲရေး စည်းမျဥ်းတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီးနောက်မှာ နောက်ထပ် ဓားစာခံတွေကို ထပ်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ဟားမတ်စ်က အစောပိုင်းမှာ ခြိမ်းခြောက်ခဲ့ပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေး-ဟားမတ်စ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အဆင့် ၂ ကို မစတင်မီ ဓားစာခံတွေကို အိမ်အရင် ပြန်ပို့ဖို့ ဂါဇာမှာ အဖမ်းခံထားရတဲ့ အစ္စရေး ဓားစာခံတွေရဲ့ မိသားစုတွေက တောင်းဆိုခဲ့ပါတယ်။ 

ဂါဇာမှာအဖမ်းခံထားရချိန်မှာ သေဆုံးသွားတဲ့ အီဘရာဟမ် မန်ဒါရဲ့ တူ ဖြစ်သူ ဇာဟိရို ရှာဟာမောက ဦးဆောင်ပြီး တောင်းဆိုခဲ့တာပါ။

အပစ်အခတ်ရပ်စဲရေးရဲ့ ဒုတိယအဆင့်မှာ စစ်ပွဲအပြီးသတ်ချိန် ဂါဇာပြန်လည်တည်ဆောက်ရေး မစတင်မီ ဖမ်းဆီးရမိခဲ့တဲ့ ဓားစာခံ ၂၅၁ ယောက်ထဲက ကျန်နေတဲ့ ဓားစာခံတွေကို ပြန်ပေးဖို့နဲ့ အစ္စရေးစစ်တပ်က အပြီးသတ် ဆုတ်ခွာရေး စေ့စပ်ညှိနှိုင်းဖို့ ရည်ရွယ်ထားပါတယ်။

အစ္စရေး ၁၉ ယောက်နဲ့ ထိုင်းဓားစာခံ ၅ ယောက်တို့ကို အခုအချိန်အထိ သဘောတူညီချက်ရဲ့ တစိတ်တပိုင်း အဖြစ် လွှတ်ပေးခဲ့ပြီး အပြန်အလှန် ရာနဲ့ချီတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

လက်ကျန် ဓားစာခံ ၇၃ ယောက်ကိုတော့ ဖမ်းဆီးထားဆဲဖြစ်ပြီး ထက်ဝက်လောက်က မျက်ကွယ်မှာ သေဆုံးသွားပြီလို့ အစ္စရေး အာဏာပိုင်တွေက ကြေညာထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013