
စနေနေ့ နောက်ဆုံးထားပြီး ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ ရာဇသံပေးထားတာကို ဟားမတ်စ်အဖွဲ့က လိုက်နာဖို့ ပျက်ကွက်ရင် ဂါဇာစစ်ပွဲ ပြန်စနိုင်တာကြောင့် အစ္စရေးက အရန်တပ်ဖွဲ့တွေကို ပြန်လည်ခေါ်ယူနေပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း ဂါဇာကမ်းမြောင်ကို လက်လွှဲယူပြီး ပါလက်စတိုင်း ပြည်သူတွေကို တခြားမှာ နေရာချထားမယ်လို့ ပြောထားတာကြောင့် အာရပ်ကမ္ဘာမှာ မကျေနပ်ချက်တွေ မြင့်တက်လာချိန်လည်း ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၉ ရက်မှာ စတင်သက်ရောက်တဲ့ အပစ်ရပ်သဘောတူညီချက် ဆက်လက်တည်တံ့ဖို့အတွက် ကြားဝင်ညှိနှိုင်းသူတွေဖြစ်တဲ့ အီဂျစ်နဲ့ ကာတာဟာ ဟားမတ်စ်ရဲ့ ဂါဇာအကြီးအကဲ ခါလီအယ်ဟေယာနဲ့ ကိုင်ရိုမှာ ညှိနှိုင်းနေပါတယ်။
သဘောတူညီချက်အရ စနေနေ့မှာ နောက်ထပ် ဓားစာခံ ၃ ယောက်လွှတ်ဖို့ ဟားမတ်စ်က လက်ခံပေးထားပေမဲ့ အစ္စရေးဘက်က စည်းကမ်းချိုးဖောက်လို့ဆိုပြီး လွှဲပြောင်းရေးအစီအစဉ်ကို ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။
ထရမ့်ပ်ကတော့ စနေနေ့ နေ့လယ်မှာ ဓားစာခံအားလုံး ပြန်မလွှတ်ရင် ငရဲတံခါးပွင့်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ကလည်း ဓားစာခံ ဆက်မလွှတ်ရင် အပစ်ရပ်တယ်ဆိုတာ မရှိတော့သလို စစ်ပွဲပဲရှိမယ်လို့ သတိပေးထားပါတယ်။
အဲဒီလိုဆိုရင် ဂါဇာစစ်ပွဲသစ် ဖြစ်လာနိုင်ပြီး ထရမ့်ပ် မျှော်မှန်းချက်အတိုင်း ဂါဇာကို အကောင်အထည်ဖော်ပစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
Source : Reuters