
ဟားမတ်စ်အဖွဲ့ဟာ ဓားစာခံတွေကို စနေနေ့ နေ့လယ်မှာ ပြန်မလွှတ်ပေးဘူးဆိုရင် ဂါဇာ အပစ်အခတ်ရပ်စဲရေး ပြီးဆုံးသွားမှာဖြစ်ပြီး ဟားမတ်စ်တွေ နောက်ဆုံး ရှုံးနိမ့်သွားတဲ့အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်ဖြစ်လာလိမ့်မယ်လို့ အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဖေဖော်ဝါရီ ၁၁ ရက် ဗီဒီယိုထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
“နိုင်ငံရေး-လုံခြုံရေး အစိုးရအဖွဲ့ထဲမှာ ၄ နာရီကြာ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှု ပြီးသွားပြီ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့စနေနေ့က လွတ်မြောက်လာခဲ့တဲ့ ဓားစာခံ ၃ ဦးရဲ့ ထိတ်လန့်တုန်လှုပ်စရာ အခြေအနေအတွက်လည်း ကျွန်ုပ်တို့အားလုံး ဒေါသထွက်ခဲ့ကြပါတယ်” လို့ နေတန်ယာဟုက ပြောပါတယ်။
“စနေနေ့ နေ့လယ်မှာ ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ တောင်းဆိုမှုကို ကျွန်ုပ်တို့အားလုံး ကြိုဆိုခဲ့ကြပြီးတော့ ဂါဇာရဲ့အနာဂတ်အတွက် သမ္မတရဲ့ ဆန်းသစ်တဲ့ စိန်ခေါ်မှုအမြင်ကိုလည်း ကျနော်တို့အားလုံး ကြိုဆိုကြပါကြောင်း” လည်း ပြောကြားခဲ့ပါတယ်။
“ဟားမတ်စ်က သဘောတူညီချက်ကို ချိုးဖောက်ပြီး ကျနော်တို့ရဲ့ ဓားစာခံတွေကို မလွှတ်ပေးဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာကြောင့် မနေ့ညကပဲ ဂါဇာကမ်းမြောင်ဒေသအတွင်းနဲ့ အနီးတဝိုက်မှာ တပ်တွေစုပြီး စစ်တပ်ကို အမိန့်ပေးထားကြောင်းနဲ့ ဒီစစ်ဆင်ရေးကို အခုအချိန်မှာ ဆောင်ရွက်နေပြီး မဝေးတော့တဲ့ အနာဂတ်မှာ ပြီးမြောက်တော့မှာပါ” လို့လည်း နေတန်ယာဟုက ပြောသွားပါတယ်။
Source : Reuters