Home
နိုင်ငံတကာ
အမေရိကန်ပြည်တွင်းအခွန်ဌာန ဝန်ထမ်းထောင်ချီ အလုပ်ထုတ်ခံရဖွယ်ရှိ
DVB
·
February 16, 2025

အမေရိကန်ပြည်တွင်းအခွန်ဌာန (IRS) က လာမယ့်ရက်တွေမှာ အလုပ်သမားထောင်နဲ့ချီပြီး အလုပ်ထုတ်ဖို့ ပြင်နေပါတယ်။ 

ဒါက အရေးကြီးတဲ့ အခွန်တင်းကျပ်တဲ့ကာလမှာ အခွန်စုဆောင်းမှုတွေကို ထိခိုက်စေနိုင်တယ်လို့ အခွန်ဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ယောက်က ပြောပါတယ်။

ပြည်ထောင်စုရဲ့ အလုပ်ခန့်အပ်မှုကို လုပ်ဆောင်တဲ့ ဝန်ထမ်းရုံးက အေဂျင်စီတွေအားလုံးမှာရှိတဲ့ အစမ်းခန့်ဝန်ထမ်းတွေကို ထုတ်ပစ်ဖို့ ကြာသပတေးနေ့က ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။

IRS ဝန်ထမ်း ဘယ်လောက်ထုတ်ပယ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီဝန်ထမ်းတွေဟာ သမ္မတဂျိုးဘိုင်ဒင် လက်အောက်မှာ ၁၀၀,၀၀၀ အထိ ရောက်လာပြီး အဲဒီအထဲမှာ အလုပ်သင် ၁၆,၀၀၀ ပါဝင်တာ တွေ့ရပါတယ်။  

ဘိုင်ဒင်က ချမ်းသာတဲ့ အခွန်ပေးဆောင်သူတွေနဲ့ လုပ်ငန်းကြီးတွေရဲ့ စာရင်းတွေကို စစ်နိုင်ဖို့ အေဂျင်စီရဲ့ လုပ်ငန်းလည်ပတ်မှုကို တိုးချဲ့ခဲ့တာဖြစ်ပါတယ်။

ဒီအလုပ်ထုတ်ပယ်မှုမှာ ပိတ်ထားတဲ့ buyout အစီအစဉ်က မနုတ်ထွက်ရသေးသူတွေ ဒါမှမဟုတ် အခွန်ရာသီ အရေးမပါတဲ့ ဝန်ထမ်းစတဲ့ ဖြစ်နိုင်ခြေဝန်ထမ်းတွေ ပါဝင်တယ်လို့ အခွန်ဌာနနဲ့ နီးစပ်သူတယောက်က  ရိုက်တာကို ပြောပါတယ်။ 

IRS ဟာ အခွန်ကာလပြီးရင် အခွန်နဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေ ပြန်ပေးရတာ အခွန်ထမ်းတွေကို ငွေပြန်အမ်းရတာ စတဲ့အလုပ်များမှုတွေလည်း ကျန်နေမှာပါ။ ဒီလိုပြုလုပ်တာက သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အီလွန်မတ်စ်တို့ရဲ့ အစိုးရအဖွဲ့ကို ပြုပြင်ပြောင်းလဲမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ New York Time သတင်းဌာနက ဖော်ပြပါတယ်။ 

သူတို့နှစ်ဦးက အစိုးရအဖွဲ့မှာ ဝန်ထမ်းတွေ ဖောင်းပွဲတာ၊ ထိရောက်မှု မရှိဘူးလို့ ဆိုပြီး အသုံးမဝင်တာနဲ့ လိမ်လည်မှုတွေကို ရှင်းလင်းပစ်မှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး IRS က ချက်ချင်း မှတ်ချက်ပေးတာမျိုးတော့ မရှိပါဘူး။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024