Home
နိုင်ငံတကာ
အမေရိကန်တွင် TikTok App ပြန်အသုံးပြုနိုင်
DVB
·
February 14, 2025
Photo : Reuters

ဆိုရှယ်မီဒီယာ TikTok ဖေဖော်ဝါရီ ၁၃ ရက်မှာ အမေရိန်ကန် App Store ပေါ်ပြန်ရောက် ရှိလာပါပြီ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က TikTok ပိတ်ပင်ခြင်းကို ဧပြီ ၅ ရက်အထိ နောက်ဆုတ်ခဲ့ ပြီးနောက် App Store မှာ ပြန်လည်မြင်တွေ့ရတာပါ။

ဗီဒီယိုအတိုလေးတွေနဲ့ လူကြိုက်များလာတဲ့ TikTok ဆိုရှယ်မီဒီယာကို အမေရိကန်မှာ အသုံးပြုသူ သန်း ၁၇၀ ရှိပါတယ်။

TikTok နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားဆုံးဖြတ်ဖို့ ထရမ့်ပ်က ကျမ်းသစ္စာမကျိန်ဆိုမီကတည်းက ပြောကြားထားတာဖြစ်ပြီး ပိတ်ပင်မယ့်ကိစ္စကို နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

Play Store ပေါ်ပြန်ရောက်လာတာနဲ့ ပတ်သက်ပြီး TikTok ကတော့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့လက ထရမ့်ပ်က TikTok ကို ၇၅ ရက် ပိတ်ပင်မှုနဲ့ပတ်သက်ပြီး နောက်ဆုတ်တဲ့ ညွှန်ကြားချက်အမိန့် ထုတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီညွှန်ကြားချက်ထဲမှာ TikTok ကို ဒေါင်းလုပ် လုပ်နိုင်တဲ့ App Store တွေကို အပြစ်ပေးခွင့် မရှိကြောင်းဆိုတာလည်း ထည့်သွင်းထားပါတယ်။

TikTok ဟာ ၂၀၀၄ ခုနှစ်က အမေရိကန်မှာ ဒုတိယအများဆုံး ဒေါင်းလုပ် လုပ်တဲ့ App တခု ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက TikTok ကို ဒေါင်းလုပ် လုပ်သူ ၅၂ သန်းကျော် ရှိခဲ့တာ တွေ့ရပါတယ်။ TikTok အသုံးပြုသူ ၅၂ ရာခိုင်နှုန်းဟာ Apple ရဲ့ App Store က ဒေါင်းလုပ်ရယူခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013