
ဘရာဇီးနိုင်ငံမှာ ဘရင်ဂျီခရစ်ယာန်တို့ရဲ့ ဝါဝင်ပွဲတော်ကြီးအတွက် ဝတ်စုံထုတ်တဲ့ အထည်စက်ရုံတခု ဖေဖော်ဝါရီ ၁၂ ရက်က မီးလောင်ခဲ့လို့ လူ ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ရီယိုဒီဂျနေရိုမြို့က ရာမို့စ်ရပ်ကွက်မှာရှိတဲ့ စက်ရုံမှာ မီးလောင်လို့ လူတွေကို ပြတင်းပေါက်တွေက တဆင့် ကယ်ဆယ်နိုင်ခဲ့တာကို ရုပ်သံက ပြသခဲ့ပါတယ်။
အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၃ ယောက်ပါတဲ့ လူ ၁၀ ယောက် မီးခိုးငွေ့ရှူရှိုက်မိပြီး အသက်ရှူလမ်းကြောင်း အပူလောင်ဒဏ်ရာကြောင့် အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ယေသူလျူ ဗာရက်စ် ပြည်နယ်ဆေးရုံက ပြောပါတယ်။
တခြားဆေးရုံ ၅ ရုံမှာလည်း ဒဏ်ရာရသူတွေ ဆေးရုံလာတက်နေတယ်လို့ ရီယိုကျန်းမာရေးဌာနက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ် ၃ ရက်အထိ ပွဲတော်အတွင်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားတဲ့ ရီယိုဒီဂျနေရိုမြို့ ဆမ်ဘာကျောင်း ၃ ကျောင်းထက်မနည်းအတွက် ဒီအဝတ်အစားကုမ္ပဏီက ဝတ်စုံတွေကို ထုတ်လုပ်ပေးနေခဲ့တာ ဖြစ်ပါတယ်။
Source : Reuters