
တရုတ်နိုင်ငံရှိ ပြည်သူ့ဆေးရုံတွေမှာ သုံးတဲ့ဆေးတွေက ထိရောက်မှုမရှိတာကြောင့် ပြည်သူတွေရဲ့ စိုးရိမ်စိတ် မြင့်တက်ပြီး ဒေါသထွက်နေကြပါတယ်။
ဆရာဝန်တွေက ဆေးဝယ်ယူတဲ့စနစ်မှာ နာမည်ရှိတဲ့ဆေးတွေထက် ဈေးသက်သာတဲ့ ဆေးတွေကို ဝယ်ယူတယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။
ဒီအချက်က ပြည်သူတွေရဲ့ အန္တရာယ်ကင်းရေးကို ကုန်ကျစရိတ်တွေနဲ့ ဖြတ်တောက်ခံထားရပါတယ်။
ဒီအကြောင်းအရာတွေကို တင်္ဂနွေနေ့က မီဒီယာတွေမှာ ဖော်ပြခဲ့ပေမဲ့ ဒါက အမှန်ဖြစ်နေတာထက် လူတယောက်ရဲ့ အမြင်တခုမျှသာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လူတယောက်ရဲ့ ဖော်ပြချက်အရ မတူတဲ့လူတွေဟာ ကွဲပြားတဲ့ ဆေးအာနိသင်တွေ ခံစားရတယ်၊ ဆေးတွေမထိရောက်ဘူး ဆိုတာကလည်း လူတွေရဲ့ ခံစားမှုတွေကနေလာတာ ဖြစ်တယ်လို့ သိရပါတယ်။
တာဝန်ရှိသူတွေရဲ့ ဖြေရှင်းမှုက ကြောက်လန့်နေတဲ့ ပြန်သူတွေအတွက် အနည်းငယ် အကြောက်ပြေစေခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အသက်ကြီးသူ များပြားလာတဲ့အချိန် ကျန်းမာရေးစောင့်ရှောက်မှုစနစ်က နောက်ဆုံးစိန်ခေါ်မှုတခုပဲ ဖြစ်ပါတယ်။
ပုံမှန်သုံးဆေးတွေ အာနိသင်မရှိဘူးဆိုတဲ့ ငြင်းခုန်မှုတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေက တရုတ်နိုင်ငံမှာရှိတဲ့ ပြည်သူ့ဆေးရုံတွေကို ဆေးရောင်းဖို့ စာချုပ် ချုပ်ဆိုထားတဲ့ ဆေးကုမ္ပဏီ ၂၀၀ နီးပါးကို ကြေညာထားပါတယ်။ အဲဒီကုမ္ပဏီတွေ အားလုံးနီးပါးက အိမ်တွင်း ဆေးထုတ်လုပ်သူတွေ ဖြစ်ပါတယ်။
Source : Reuters