Home
နိုင်ငံတကာ
ယူကရိန်းအတွက် အမေရိကန်လက်နက်များဝယ်ရန် ဥရောပကို ထရမ့်ပ် တိုက်တွန်း
DVB
·
February 11, 2025
Photo-Reuters

သမ္မတ ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ ယူကရိန်းအတွက် အမေရိကန်ရဲ့ လက်နက်တွေဝယ်ဖို့ ဥရောပမဟာမိတ်တွေကို တွန်းအားပေးဖို့ စီစဉ်နေပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့ ငြိမ်းချမ်းရေးနွေးမှု မတိုင်မီ ယူကရိန်းအတွက် လက်နက်တွေ ပိုပြီးဝယ်ဖို့ ထရမ့်ပ်အစိုးရအဖွဲ့ စီစဉ်နေတာဖြစ်ကာ ဒီလိုလုပ်တာက ဆွေးနွေးမှုကို ပိုပြီး တိုးတက်စေပါတယ်။

လက်နက်ဝယ်ယူရေး အစီအစဉ်ဟာ အမေရိကန်သမ္မတ ထရမ့်ပ်က ယူကရိန်းကို အကူအညီဆက်ပြီး မပေးတော့မှာကို စိုးရိမ်နေတဲ့ ယူကရိန်းခေါင်းဆောင်တွေအတွက် စိတ်ချရတဲ့ အာမခံချက်တခု ဖြစ်လာမှာပါ။

သမ္မတဟောင်း ဘိုင်ဒင် လက်ထက်တုန်းက ဥရောပခေါင်းဆောင်တွေဟာ အမေရိကန်ရဲ့ လက်နက်တွေကို ယူကရိန်းအတွက် ဝယ်ယူပေးခဲ့ဖူးပါတယ်။

ဒီတပတ်အတွင်း ကျင်းပမယ့် မြူးနစ်လုံခြုံရေးအစည်းအဝေးပွဲအတွင်းမှာ ထရမ့်ပ်ရဲ့ ယူကရိန်းသံတမန် ကိတ်ကယ်လော့က ဥရောပနိုင်ငံတွေရဲ့ လက်နက်ဝယ်ယူရေး အလားလာကို ဆွေးနွေးသွားဖွယ်ရှိတယ်လို့ အတွင်းသတင်းတွေက ဖော်ပြပါတယ်။

တနင်္ဂလာနေ့က ကယ်လော့ကို ရိုက်တာက မေးမြန်းတဲ့ အင်တာဗျူးမှာ သူက “ကျနော်တို့ရဲ့ စီးပွားရေးအင်အား တောင့်တင်းဖို့ အမေရိကန်က လက်နက်တွေ အမြဲတမ်းရောင်းပါတယ်” လို့ ဖြေကြားထားပါတယ်။

ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ ယူကရိန်းစစ်ပွဲမှာ အမေရိကန်က ဒေါ်လာဘီလီယံနဲ့ချီ ကုန်ကျခဲ့မှုကို ပြန်ပြီးရယူဖို့ ဥရောပက အကူအညီတွေ ပိုပြီး ပေးရမယ်လို့ အမေရိကန်က ပြောပါတယ်။

ထရမ့်ပ်ကတော့ သူ့ရဲ့ သမ္မတသက်တမ်းကာလထဲမှာ ယူကရိန်းကို အကူအညီပေးမှုတွေ အားလုံးဖြတ်တောက်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမဲ့ ထရမ့်ပ်ရဲ့ အကြံပေးတွေက ဒီနှစ်အကုန်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှု နှောင့်နှေးပါက ယူကရိန်းကို လက်နက်တွေ ဆက်ထောက်ပံ့ပေးဖို့ အကြံပြုထားပါတယ်။

သမ္မတဟောင်း ဘိုင်ဒင်ဟာ သူတာဝန်ယူခဲ့တဲ့ နောက်ဆုံးလမှာ ဘီလီယံချီပြီး ခွင့်ပြုမှု အပါအဝင် ယူကရိန်းကို လုံခြုံရေးထောက်ပံ့မှုအတွက် ဒေါ်လာ ၆၅ ဘီလီယံကျော် ခွင့်ပြုခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013