
ရုရှားတပ်တွေက ဒန်ညက်စ်ဒေသထဲက နောက်ထပ် ရွာတရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားက ဖေဖော်ဝါရီ ၉ ရက်မှာ ပြောပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ချေမှုန်းခဲ့တယ်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်တဲ့ နောက်ဆုံးပေါ် စစ်မြေပြင်သတင်းတွေက ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းရဲ့ တိုက်ခိုက်မှုအများအပြားကို ချေမှုန်းခဲ့ပြီး ခါခိဗ်၊ အဗ်ဒီးဗ်ခါ၊ ဒန်ညက်စ်၊ ဇာပိုရစ်ချ်ဇီယာနဲ့ ခါဆွန်မြို့တို့ဆီ သွားတဲ့ လမ်းကြောင်းတွေမှာ ထိုးစစ်အများအပြားကို စတင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေက ယူကရိန်းဒရုန်းအစင်း ၉၀ ကို ပစ်ချပြီး အမေရိကန်လုပ် HIMARS ဒုံးပျံကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့လည်း ဆိုပါတယ်။
တနင်္လာနေ့ မွန်းလွဲပိုင်းအထိ ရှေ့တန်းနယ်မြေတွေမှာ တိုက်ပွဲပေါင်း ၆၄ ကြိမ် ဖြစ်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ပြောပါတယ်။
ဒါ့အပြင် ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ စက်ပစ္စည်းစခန်း ၆ ခု၊ ရေဒါစခန်း ၂ ခုနဲ့ အမြောက်စနစ် ၃ ခုတို့ကို ယူကရိန်းလေတပ်က ဒုံးကျည်နဲ့ အမြောက်တပ်တွေနဲ့အတူ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်၊ ရုရှားနိုင်ငံအနောက်ပိုင်း ကာ့က်စ်ခ်ဒေသမှာ ယူကရိန်းစစ်တပ်က ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ယူကရိန်းဘက်က ပြောခဲ့ပါတယ်။
Source : Reuters