Home
နိုင်ငံတကာ
ရုရှားဆီက လျှပ်စစ်ဓာတ်အားရယူမှုကို လတ်ဗီးယား ဖြတ်တောက်
DVB
·
February 9, 2025
Photo: Reuters

လတ်ဗီးယားဟာ ရုရှားနိုင်ငံကနေ လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်ထားတာကို ဖေဖော်ဝါရီ ၈ ရက်မှာ ဖြတ်တောက်လိုက်ပါတယ်။ 

ဘော်တစ် ၃ နိုင်ငံထဲမှာပါဝင်တဲ့ လတ်ဗီးယားဟာ ဥရောပသမဂ္ဂထဲကို ဝင်ရောက်ဖို့နဲ့ လုံခြုံရေးတိုးမြှင့်ဖို့အစီအစဉ်ရှိပြီး ရုရှားဆီက လျှပ်စစ်ဓာတ်အားယူထားတာကို ဖြတ်တောက်ခဲ့တာပါ။ 

အက်စတိုးနီးယား၊ လတ်ဗီးယား နဲ့ လစ်သူရေးနီးယားတို့ဟာ IPS/UPS ဆိုတဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန်မှာအသုံးပြုရတဲ့ ပူးပေါင်းစနစ်ကနေခွဲထွက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်မှာ ဥရောပဓာတ်အားလိုင်းနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်။ 

ဒီနိုင်ငံ ၃ နိုင်ငံဟာ ဆိုဗီယက်ယူနီယံပြိုကွဲပြီး ၁၉၉၀ အစောပိုင်းမှာ လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ရုရှားဆီကဓာတ်အားလိုင်းရယူထားတဲ့ လက်ကျန်နိုင်ငံတွေပဲ ဖြစ်ပါတယ်။ 

ဒီနိုင်ငံတွေဟာ ၂၀၀၄ ခုနှစ်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ခဲ့သလို နေတိုးအဖွဲ့ဝင်လည်း ဖြစ်ခဲ့ပြီး ၃ နိုင်ငံစလုံးဟာ ၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုအတွက် ယူကရိန်းနိုင်ငံကို ထောက်ခံတဲ့နိုင်ငံတွေဖြစ်ပြီး ရုရှားဆီက လျှပ်စစ်ဝယ်ယူမှုကို ရပ်တန့်ခဲ့ပါတယ်။ 

ဒါပေမဲ့ လျှပ်စစ်ဓာတ်အား တည်ငြိမ်ဖို့၊ ထိန်းချုပ်ဖို့နဲ့ မီးမပျက်ဖို့ ရုရှားရဲ့ဓာတ်အားလိုင်းတွေကို အသုံးပြုခဲ့ရပါတယ်။ 

လတ်ဗီးယားစွမ်းအင်ဝန်ကြီး ကတ်စပါက “ဒီစနစ်က တည်ငြိမ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုကလည်း သိမ်မွေ့ပါတယ်။ ပြောင်းလဲမှုဖြစ်မှန်းတောင် ဘယ်သူကမှ သိမှာမဟုတ်ပါဘူး”လို့ ရိုက်တာကို ပြောပါတယ်။ 

လတ်ဗီးယား-ရုရှား နယ်စပ်အနီးမှာရှိတဲ့ ရီဇက်နီဓာတ်အားခွဲရုံနဲ့ လမ်းခွဲပြီးတဲ့နောက် ကတ်စပါက ရိုက်တာကို ပြောကြားခဲ့တာပါ။ 

ရုရှားဆီက ဓာတ်အားလိုင်းရယူမှု ဖြတ်တောက်ခဲ့ပြီးနောက် ဓာတ်အားပေးစက်ရုံအနီးမှာ စစ်ကားတစီး လှည့်လည်နေသလို လက်နက်ကိုင်တပ်ဖွဲ့တွေလည်း အနီးအနားက မြို့တွေထဲမှာ ချထားတာတွေ့ရပါတယ်။ 

ဘော်တစ်နိုင်ငံတွေဟာ ဓာတ်အားပေးရုံတွေကို ဖျက်ဆီးမှာကို စိုးရိမ်မှုကြောင့် အခုလို လုံခြုံရေးတွေ တင်းကျပ်ထားတာ ဖြစ်ပါတယ်။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024