Home
နိုင်ငံတကာ
စလိုဗက်ကီးယားအစိုးရကို ပြည်တွင်း၌သာမက ဥရောပနိုင်ငံများတွင်လည်း ဆန္ဒပြ 
DVB
·
February 8, 2025
Photo-Reuters

စလိုဗက်ကီးယားမှာ သောင်းနဲ့ချီတဲ့ လူတွေဟာ မြို့ရဲ့ central square ကို ဖေဖော်ဝါရီ ၇ ရက်က ပြန်လာခဲ့ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ 

စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက ရုရှားနဲ့ ဆက်ဆံရေး ပိုကောင်းဖို့ ရည်ရွယ်ထားတာ ကြောင့် ပြည်သူတွေက ဆန့်ကျင်မှု ပြလုပ်ခဲ့တာပါ။ 

ဆန့်ကျင်ဆန္ဒပြသူတွေဟာ စလိုဗက်ကီးယား တနိုင်ငံတည်းသာမက ဥရောပအလယ်ပိုင်းမြို့တွေမှာ လည်း ပြုလုပ်ခဲ့သလို တခြား ၁၂ မြို့မှာလည်း ပြုလုပ်ကြပါတယ်။ 

ချက်နိုင်ငံရဲ့ မြို့တော် ပရာ့မှာလည်း ဆန္ဒဖော်ထုတ်သူပေါင်းများစွာ စုဝေးခဲ့ပြီး အစိုးရရဲ့ ရပ်တည်မှုကို ဆန့်ကျင်ခဲ့ပါတယ်။ 

ဘရာတီစလာဗာရဲ့ လွတ်လပ်တဲ့ ရင်ပြင်မှာ လူပေါင်း ၄၂၀၀၀ ကနေ ၄၅၀၀၀ လောက်အထိ ဆန္ဒပြသူအရေအတွက် များပြားခဲ့တယ်လို့ သတင်းဝက်ဆိုဒ်တွေက ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း ဖီကိုရဲ့ လက်ဝဲစွန်းအစိုးရက ဆန့်ကျင်သူတွေကို တိုက်ခိုက် ခဲ့ပြီးနောက် အစိုးရနဲ့ ဆန့်ကျင်သူတွေအကြား ဆက်ဆံရေး ပိုပြီး တင်းမာခဲ့ပါတယ်။

အဲ့ဒီတုန်းက အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆန့်ကျင်သူတွေကို အစိုးရက တိုက်ခိုက်ခဲ့တာပါ။ 

အစိုးရက ကာကွယ်မှုတွေကို ထပ်တိုး မြှင့်ခဲ့ပြီး နိုင်ငံပိုင်အဆောက်အအုံတွေ သိမ်းပိုက်ခြင်း အပါအဝင် အစိုးရဖယ်ရှားဖို့ ကြိုးစားမှုတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဖီကိုက ပြောပါတယ်။

ဖီကိုက ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့တဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုကို ငြင်းဆိုခဲ့ပါတယ်။

Source-Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013