အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ မူဝါဒတွေအပေါ် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၅ ရက်က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
တက်ကြွလှုပ်ရှားသူတွေရဲ့ တောင်းဆိုချက်မှာ အများပြည်သူအနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဘက်က ရပ်တည်ပေးဖို့၊ လွတ်လပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြင်သဘောထား ကွဲလွဲခွင့်ရှိဖို့၊ နိုင်ငံ့ဝန်ထမ်းတွေဘက်က ရပ်တည်ကြဖို့၊ သိပ္ပံနည်းပညာဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ဖွဲ့စည်းပုံအခြေခံမူဘောင် ခိုင်မာစေရေး စတဲ့ အဓိက အချက် ၅ ချက်ကို ဖော်ပြထားတာ တွေ့ရပါတယ်။