
စီးပွားရေး ကွာဟချက်ကြောင့် တောင်အာဖရိကလို နိုင်ငံငယ်တွေဟာ စူပါပါဝါနိုင်ငံကြီးတွေရဲ့ အနိုင်ကျင့်တာ ခံနေရတယ်လို့ တောင်အာဖရိက သတ္တုနဲ့ ရေနံအရင်းအမြစ်ဝန်ကြီး ဂီဝယ်ဒယ် မန်တာစီက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောရင်း အမေရိကန်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ခဲ့ပါတယ်။
ဝန်ကြီး မန်တာစီက “ကျနော်တို့ နိုင်ငံနဲ့ စီးပွားရေး အရွယ်အစားကြောင့် အမေရိကန်က အနိုင်ကျင့်တာကို ခုခံတွန်းလှန်ရမယ်၊ အမေရိကန်ရဲ့ ပြည်နယ်မဟုတ်ဘဲ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်တယ်”လို့ ကိပ်တောင်းမြို့က အင်ဒါဘာ သတ္တုတွင်းမှာ ပြောခဲ့ပါတယ်။
မြေယာသိမ်းဆည်းမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တောင်အာဖရိကကို ရန်ပုံငွေဖြတ်ဖို့ မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ရင်း ဝန်ကြီးက မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။
တကယ်လို့ အမေရိကန်က ရန်ပုံငွေကို ရုပ်သိမ်းခဲ့ရင် အာဖရိကဟာ ဓာတ်သတ္တု အထောက်အပံ့ တွေကို ဖြတ်တောက်ခြင်းအားဖြင့် လက်တုံ့ပြန်နိုင်တယ်လို့ မန်တာစီက အကြံပြုပါတယ်။
တောင်အာဖရိကသမ္မတ စီရီယယ် ရာမာဖိုဆာက ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ခဲ့ပြီး ဒီကိစ္စမှာ ထရမ့်ပ်နဲ့ ထိတွေ့ဆက်ဆံဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှု ၁၉၉၄ ခုနှစ်မှာ ပြီးဆုံးချိန်ကစပြီး တည်ရှိနေဆဲ လူမျိုးရေးခွဲခြားမှု ကွဲပြားမှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် မြေယာသိမ်းယူရေး လွယ်ကူချောမွေ့စေဖို့ မကြာသေးမီက ဥပဒေတရပ် ပြဋ္ဌာန်းခဲ့တယ်လို့လည်း ရာမာဖှိုဆာက အလေးပေးပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ တောင်အာဖရိက AIDS အစီအစဉ်အတွက် ရန်ပုံငွေ ၁၇ ရာခိုင်နှုန်း လောက်ကို ထောက်ပံ့ပေးပေမယ့် ရန်ပုံငွေအများစုဖြစ်တဲ့ ၇၆ ရာခိုင်နှုန်းက တောင်အာဖရိကနိုင်ငံရဲ့ ဘဏ္ဍာတိုက် က လာတာဖြစ်လို့ မန်တာစီက ပြောရင်း အမေရိကန်က ပံ့ပိုးကူညီထားတယ်ဆိုပြီး "အနိုင်ကျင့်ခြင်း" ကို လက်မခံနိုင်ဘူးလို့ သူက စောဒကတက်ခဲ့ပါတယ်။
Source-Reuters