Home
နိုင်ငံတကာ
လော့စ်အိန်ဂျလိစ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအပေါ် ဖြိုခွင်းမှုကို ကန့်ကွက်ဆန္ဒပြ
DVB
·
February 3, 2025
Photo : Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရရဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တင်းတင်းကျပ်ကျပ် ဖြိုခွင်းမှုကို ဆန့်ကျင်တဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ လော့စ်အိန်ဂျလိစ်မြို့ရဲ့  လမ်းမတွေပေါ်မှာ ဖေဖော်ဝါရီ ၂ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန လက်အောက်ခံ အေဂျင်စီတခုဖြစ်တဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်စည်းကြပ်မှုဌာန (ICE) က တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

အဆောက်အအုံတွေ၊ လမ်းအပြင်အဆင်တွေ၊ ခြံစည်းရိုးနဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို တိုက်ဆိုင်စစ်ဆေးအပြီး ဆန္ဒပြနေတဲ့ တည်နေရာကို သီးခြားအတည်ပြုနိုင်ခဲ့ပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်ပ်ဟာ ဇန်န၀ါရီ ၂၀ ရက်မှာ အာဏာရလာပြီးတဲ့နောက် တရားမဝင် လူဝင်မှုကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းခဲ့ပြီး နယ်စပ်လုံခြုံရေးနဲ့ နေရပ်ပြန်ပို့ရေးကို ပံ့ပိုးပေးဖို့ ICE အရာရှိတွေက ရာဇ၀တ်မှု မကျူးလွန်သူတွေကို ပိုများများဖမ်းဖို့ အခွင့်အာဏာပေးခဲ့တဲ့အပြင် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်တွေကို ပြောင်းလဲ အသုံးချခွင့် ပေးခဲ့ပါတယ်။

၂၀၂၄ ဘဏ္ဍာနှစ်မှာ တရက် ပျမ်းမျှဖမ်းဆီးခံ ၃၁၁ ယောက်နဲ့ နှိုင်းယှဉ်ရင် လွန်ခဲ့တဲ့ သီတင်းပတ်မှာ နိုင်ငံတဝန်း ICE ဖမ်းဆီးမှုတွေ တိုးလာတယ်လို့ အေဂျင်စီက ဆိုပါတယ်။

အရေးယူဆောင်ရွက်ချက်တွေထဲမှာ “ဘေးမဲ့တော” လို့ခေါ်ပြီး ICE နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်ထားတဲ့ နယူးယောက်နဲ့ ချီကာဂို အပါအဝင် မြို့တွေမှာ ဖမ်းဆီးမှုတွေလည်း ပါဝင်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024