Home
မြန်မာသတင်း
တိုကျိုအပါအဝင် ဂျပန်နိုင်ငံမြို့ကြီးများတွင် စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဆန္ဒပြ
DVB
·
February 1, 2025
Protest(japan)
Protest9japan
Protest7japan
Protest5japan
Protest4japan
Protest3japan
Protest2japan
Protest1japan

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်း ၄ နှစ်ပြည့် အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲတွေကို တိုကျိုမြို့အပါအဝင် ဂျပန်နိုင်ငံမြို့ကြီးတွေဖြစ်တဲ့ အို ဆာကာ၊ နာဂိုယာ၊ ကိုဘေး၊ ဟီရိုရှိးမားနဲ့ ဟော်ကိုင်းဒိုး တို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

လူစည်ကား တဲ့  တိုကျိုမြို့တော် ရှီဘူယနဲ့ ကျင်းပခဲ့သလို နဂဝမြို့ တိုကျို စစ်ကောင်စီသစ္စာခံသံရုံးရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကောင်စီက မတရားအာဏာသိမ်းကာ မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာ ၄ နှစ် ရှိနေပြီဆိုတာကို ဂျပန်လူမျိုးများ အပါအဝင် နိုင်ငံတကာ ပိုမိုသိရှိအောင် ချီတက်ဆန္ဒပြရတာပါလို့ ချီတက်ပွဲကျင်းပသူတွေက DVB ကို ရှင်းပြခဲ့ပါတယ်။

“ကျမတို့တွေ ပြည်ပရောက်နေပေမဲ့လည်း ဒီအကြမ်းဖက်စစ်ကောင်စီ အဆုံးသတ်ရေး ဆန့်ကျင်တိုက်ဖျက်ရေးတွေမှာ ပြည်သူတွေနဲ့ တသားတည်းရှိနေတယ်၊ သွေးမအေးသေးဘူးဆိုတာ ပြချင်လို့ အခုလို ဂျပန်နိုင်ငံ မြို့ကြီးတွေမှာ တပြိုင်ထည်းလုပ်ကြတာ” လို့ စစ်ကောင်စီသရုံးရှေ့မှာ ဆန္ဒလာပြသူ မသိရီသစ္စာ က DVB ကို ပြောပါတယ်။

စီဒီအမ်သံရုံးအတွင်းဝန် ဦးအောင်စိုးမိုးကလည်း ၄ နှစ်တိင် အခက်အခဲများကြားက တောင့်ခံနေကြတဲ့ စီဒီအမ်ဝန်ထမ်းအားလုံးကို လေးစားကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီ မကြာခင် ကျဆုံးပြီး မိမိတို့ ဓမ္မဘက်တော်တော်သားများက အောင်မြင်ရမည်လို့ ယုံကြည်ကြောင်းလည်း DVB ကို ပြောပါတယ်။

အခုလို ချီတက်ပြပွဲများသာမက စစ်ကောင်စီက ၄ နှစ်တာကာလ မြန်မာပြည်သူတွေကို မတရား အကြမ်းဖက်သတ်ဖြတ်နေတာတွေ၊ ဂျပန်လွှတ်တော်မှာလည်း ဂျပန်အစိုးရတာဝန်ရှိသူတွေကို ဖိတ်ခေါ်ပြီး ကြားနာပွဲကျင်းပမှာဖြစ်ကြောင်းလည်း ကိုမျိုးမင်းဆွေက DVB ကို ရှင်းပြခဲ့ပါတယ်။

တိုကျိုမြို့ ဆန္ဒပြပွဲတွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ စစ်ကောင်စီဆန့်ကျင်းရေး ကြွေးကြော်သံတွေနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားသဖြင့် တိုင်းပြည်အာဏာလုယူထားမှုအပေါ် ကန့်ကွက်ကြောင်း၊ စစ်အာဏာသိမ်းမှုအား လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူတွေ အမြန်ဆုံးပြန်လွှတ်ပေးရေးတို့ကို ဂျပန်လွှတ်တော်နှစ်ရပ်လုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်များချမှတ်ခဲ့ကာ ဂျပန်အစိုးရကလည်း အဆိုပါအချက်တွေကို အစဉ်မပြတ်တောင်းဆိုနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013