Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၄ နှစ် ပြည့် ဆန္ဒပြပွဲ နော်ဝေးနိုင်ငံတွင် ပြုလုပ်
DVB
·
February 1, 2025
froland
protest-1norway-1
protest 5 (norway)
protest-1norway
protest-7-norway
protest-10-norway
protest-11-norway
protest-8-norway
protest-3-norway
protest-2-norway
protest-norway

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က နိုင်ငံကို အရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းခဲ့တာ ဒီနေ့ဆို ၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို မြန်မာနိုင်ငံတဝန်းက ပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ခဲ့ပေမဲ့ စစ်တပ်က လက်နက်နဲ့ အင်အားသုံးဖြိုခွင်းခဲ့တာပါ။

စစ်အာဏာသိမ်းမှု ၄ နှစ် ပြည့် ဆန္ဒပြပွဲကို CRPH Support Group Norway က ဦးဆောင်ပြီး လူအင်အား ၁၀၀ လောက်နဲ့ နော်ဝေးနိုင်ငံ အော်စလိုမြို့ လွှတ်တော်အဆောက်အအုံရှေ့မှာ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

အခုလို ဆန္ဒပြရတာနဲ့ပတ်သက်ပြီး CRPH Support Group Norway ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်ဝတ်မှုန်ဝင်းက “ဒီနေ့ပွဲကတော့ စစ်အာဏာသိမ်းတာ လေးနှစ်ပြည်တဲ့အချိန်ထိ ကျမတို့ မလျှော့တမ်း ဒီစစ်အာဏာရှင်ကို တွန်းလှန်နေတာကို နော်ဝေ ပြည်သူလူထုကို သိစေချင်တယ်၊ နော်ဝေးအစိုးရကိုလည်း မက်ဆေ့ချ်ပေးချင်တယ်။ တကမ္ဘာလုံးမှာရှိတဲ့ ကျမတို့ကို ထောက်ခံတဲ့သူတွေအားလုံးကိုလည်း ကျမတို ဒီတိုက်ပွဲမှာ ဇွဲမလျှော့ဘူးလို့ ပေးချင်တဲ့ မက်ဆေ့ချ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နော်ဝေးနဲ့ အီးယူအစိုးရကိုလည်း စစ်ကောင်စီ ပြုတ်ကျရေးအတွက် ကူညီပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

“နော်ဝေးအစိုးရနဲ့ အီးယူကို ကျမတို့ ပြောချင်တာက ဒီတိုက်ပွဲကို  ကျမတို့ စွမ်းနိုင်သလောက်နဲ့ တိုက်ခဲ့တာ ၄ နှစ်ပြည့်ပြီး။ ဒီအချိန်မှာတော့ ကျမတို့ ပြည်သူတွေရဲ့ ဇွဲကို အသိအမှတ်ပြုတဲ့အနေနဲ့ ထိရောက်တဲ့ အကူအညီ၊ စစ်ကောင်စီ ပြုတ်ကျအောင် ကူညီပါလို့ ပြောချင်ပါတယ်။ 

လာရောက်ဆန္ဒပြတဲ့ ကိုလူမင်းထင်က “အာဏာသိမ်းထားတာ ၄ နှစ်ပြည့်သွားပြီလေ။ အဲဒါကို ကျနော်တို့ ဒီနော်ဝေးမှာ ရောက်နေတဲ့သူတွေကနေပြီးတော့ မမေ့မပျောက်ဘဲနဲ့ စစ်အာဏာရှင်ကို တွန်းလှန်ဖို့အတွက် အခုချိန်ထိ အားပေးတုန်းဆိုတာ ခွန်အားပြတဲ့သဘော ရောက်ရှိလာတာပါ” လို့ ပြောပါတယ်။ 

ဆန္ဒပြပွဲကို CRPH Support Group Norway၊ နော်ဝေးရောက် မြန်မာနိုင်ငံသားတွေ၊ နော်ဝေ နိုင်ငံရပ်ခြား ကျောင်းသားများနှင့် ပညာရှင်များ အကူအညီပေးရေး (SAIH) တို့ တက်ရောက်ခဲ့ကြသလို နော်ဝေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကြီး (LO)၊  လက်ရှိအာဏာရ အလုပ်သမားပါတီ (Labour Party)၊ နော်ဝေ-မြန်မာ ကော်မီတီ (NBC)  တို့မှ တာဝန်ရှိသူတွေက  မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။ 

အလားတူ စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဆန္ဒပြပွဲကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ ရှိတဲ့ နော်ဝေးနိုင်ငံ ဖရိုလန်း မြို့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်ပြည့်နေ့မှာ မြန်မာနိုင်ငံတဝန်း မြို့ရွာတွေနဲ့ နိုင်ငံအတော်များများမှာ စစ်အာဏာရှင်အား ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013