လာမယ့်လ ရွေးကောက်ပွဲတွေမတိုင်မီ ဇန်နဝါရီ ၂၅ ရက်မှာ ဂျာမနီနိုင်ငံရဲ့ မြို့တော် ဘာလင်မြို့ ဘရန်ဒန်ဘာ့ဂ် မုခ်ဦးမှာ လက်ယာစွန်းနိုင်ငံရေးသမားတွေ အင်အား တက်လာတာကို ဆန့်ကျင်ပြီး လူထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို လူပေါင်း ၁ သိန်းလောက် တက်ရောက်ခဲ့တယ်လို့ ပွဲစီစဉ်သူ Fridays for Future ကပြောပြီး ဘာလင်ရဲတပ်ဖွဲ့ကတော့ ပါဝင်သူဦးရေ ၆ သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။
ဒီဆန္ဒပြပွဲဟာ ဂျာမနီ အရှေ့ပိုင်း ဟာလေမြို့မှာ လက်ယာစွန်းပါတီ Alternative for Germany (AfD) ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးပွဲနဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ဂျာမန်လွှတ်တော်အမတ် အသစ်မရွေးချယ်မီ တလမပြည့်မီအချိန်တို့နဲ့ တိုက်ဆိုင်နေပါတယ်။
အသက် ၁၇ နှစ်အရွယ် သားဖြစ်သူ ခိုင်နဲ့အတူ ပါဝင်ဆန္ဒပြသူ အိန်ဂျလီကာက နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အငွေ့အသက်က “ကြောက်စရာကောင်းတယ်လို့ ပြောပါတယ်။
“ဒီမိုကရေစီအတွက် ရပ်တည်ဖို့၊ ပွင့်လင်းမှုနဲ့ မတူကွဲပြားမှုတွေအတွက် နေရာရှိတယ် ထင်တယ်။”
မြို့တော်ရဲ့ အနောက်ဘက် ဟာဗဲလ်လန်းဒေသက ကျောင်းမှာ လက်ယာစွန်းသဘောထား ထားရှိသူတွေ တိုးလာတာကို သတိပြုမိတယ်လို့ သားဖြစ်သူ ကျောင်းသားက ပြောပါတယ်။
ဇန်န၀ါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ လတ်တလော စစ်တမ်းတွေအရ ကွန်ဆာဗေးတစ် CDU က အဓိပတိ ဖရီးဒရစ်ချ် မာ့ဇ်က ရမှတ် ၃၀ ရာခိုင်နှုန်း ဝန်းကျင် ရနိုင်ပြီး လက်ယာစွန်း AfD က ၂၀ ရာခိုင်နှုန်း ဝန်းကျင်နဲ့ ဒုတိယနေရာမှာ ရှိနေတာပါ။ ဂျာမန်အဓိပတိ အောလော့ဖ် ရွှိုက်ဇ်ရဲ့ Social Democrats (SPD) က ၁၇ ရာခိုင်နှုန်း ဝန်းကျင်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။
Source: Reuters