ဘယ်လ်ဂျီယံနိုင်ငံတဝန်း ဆန္ဒပြပွဲတွေရဲ့ တစိတ်တပိုင်းအဖြစ် အငြိမ်းစားလစာတွေ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ကန့်ကွက်ဖို့ ဇန်နဝါရီ ၁၃ ရက်က ဘရပ်ဆဲလ်မြို့တော်မှာ ဆန္ဒပြသူတွေ လမ်းမတွေပေါ်ကို ထွက်လာခဲ့ကြပါတယ်။
ဘယ်လ်ဂျီယံမြို့တော်ရဲ့ လမ်းတွေပေါ်မှာ လူအယောက် ၃၀,၀၀၀ လောက် ချီတက်ခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တနင်္လာနေ့က သပိတ်မှောက်မှုကြောင့် လေကြောင်းနဲ့ ရထားလမ်းတွေ ပြတ်တောက်ခဲ့ပြီး ကျောင်းအများအပြားကိုလည်း ပိတ်ထားဆဲပါ။
ခရီးဆောင်အိတ် ကိုင်ဆောင်သူများ၊ လုံခြုံရေးနဲ့ တခြားမြေပြင်ဝန်ထမ်းတွေ သပိတ်မှောက်ကြလို့ ဘရပ်ဆဲလ်လေဆိပ်က လေယာဉ်ခရီးစဉ်အားလုံးရဲ့ ထက်ဝက်နီးပါးကို ဖျက်သိမ်းခဲ့ရပြီး အမျိုးသား ရထားအော်ပရေတာ NMBS က နိုင်ငံတဝန်းမှာ ရထားအရေအတွက် အကန့်အသတ်နဲ့သာ ပြေးဆွဲနေတယ်လို့ ပြောခဲ့ပါတယ်။
မြို့တော် ဘရပ်ဆဲလ်က အများပြည်သူ သယ်ယူပို့ဆောင်ရေးကိုလည်း အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ဖို့ ကြိုးပမ်းနေတဲ့ ပါတီတွေက ဆွေးနွေးနေကြတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်ကန့်ကွက်ဖို့ ဘရပ်ဆဲလ်မြို့တော်မှာ နိုင်ငံလုံးဆိုင်ရာ လူထုစည်းဝေးပွဲကို တက်မယ့် ဆရာ ထောင်ပေါင်းများစွာကြောင့် စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရပါတယ်။
အစိုးရဘဏ္ဍာရေးနဲ့ ပင်စင်စရိတ် ပြုပြင်ပြောင်းလဲမှုတွေအပေါ် သဘောထားကွဲလွဲနေတဲ့ စားပွဲဝိုင်းပေါ်က ပါတီ ၅ ခုက ဆက်ပြီး သဘောထားကွဲလွဲနေတာပါ။
ဒါကြောင့် အစိုးရဖွဲ့စည်းရေး ဆွေးနွေးပွဲတွေဟာလည်း လအတော်ကြာအောင် တောက်လျှောက် တိုးတက်မှုမရှိခဲ့ဘဲ ဖြစ်နေခဲ့ပါတယ်။
Source : Reuters