ပါကစ္စတန်နိုင်ငံမှာ ဓာတ်အားပြတ်တောက်မှုကြောင့် ရာချီတဲ့ ဆန္ဒပြသူတွေဟာ ဇန်နဝါရီ ၇ ရက်က နိုင်ငံမြောက်ပိုင်း အဓိက အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ပြီး ဆက်ဆန္ဒပြခဲ့ကြပါတယ်။
ဂေးလ်ဂျစ်ဘာတစ္စတန် အစိုးရက တနေ့ကို နာရီနည်းနည်း လျှပ်စစ်မီး ပြတ်တောက်မှုအပေါ် အပြင်းအထန် အရေးယူဖို့ ရည်ရွယ်ထားတဲ့ ဆန္ဒပြသူတွေဟာ ခါရာခိုရမ် အဝေးပြေးလမ်းမကြီးကို ၄ ရက်ဆက်တိုက် ပိတ်ဆို့ထားပြီး ဟန်ဇာမြို့မှာ ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။
ဟန်ဇာခရိုင်ရုံးချုပ်ဖြစ်တဲ့ အာလီယာဘဒ်မြို့မှာ ဆန္ဒပြမှုကြောင့် ဒေသခံတွေနဲ့ ခရီးသွားတွေ အခက်အခဲဖြစ်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့တာတွေ ထူထူထပ်ထပ် ကျန်ရစ်ခဲ့ပါတယ်။
လျှပ်စစ်မီး ပြတ်တောက်လို့ အင်တာနက်၊ အပူပေးစနစ်နဲ့ အချက်အပြုတ်ဆိုင်ရာ ပြဿနာတွေ ဖြစ်ခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒေသအလိုက် ဝန်ချခြင်းလို့ခေါ်တဲ့ ဓာတ်အားပြတ်တောက်မှုဟာ ပါကစ္စတန်မှာ အဖြစ်များပါတယ်။
တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ မြင့်မားတဲ့ တောင်တန်းတွေကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ ခါရာခိုရမ် အဝေးပြေးလမ်းမကြီးဟာ ပါကစ္စတန်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံအနောက်ပိုင်းတို့ကို ဆက်သွယ်ထား ပါတယ်။
Source : Reuters