Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတကို ဆန္ဒပြချီတက်သည့် လူအုပ်အား ရဲတပ်ဖွဲ့ တားဆီး
DVB
·
January 4, 2025
Photo-Reuters

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောနေထိုင်ရာ အဆောက်အအုံကို ချီတက်ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံးတားဆီးခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ သမ္မတနေထိုင်ရာ နေရာကို ချီတက်ခဲ့ပေမဲ့ လမ်းမှာ ရဲတပ်ဖွဲ့က အင်အားသုံးပြီး တားဆီးခဲ့တာပါ။ 

သမ္မတယွန်းကို မနေ့က ဖမ်းဝရမ်းနဲ့ ဖမ်းဆီးဖို့ သွားခဲ့ပေမဲ့ သမ္မတအစောင့်တပ်ဖွဲတွေနဲ့ လုံခြုံရေးအဖွဲ့တွေက တားဆီးတာကြောင့် ဖမ်းဆီးဖို့ ကိစ္စမအောင်မြင်ခဲ့ပါဘူး။ 

ဒါ့ကြောင့် ဇန်နဝါရီ ၄ ရက်နေ့မှာ အလံတွေကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေက သမ္မတနေထိုင်ရာ အဆောက်အဦးကို စုဝေး ချီတက်ခဲ့တာဖြစ်ပါတယ်။  

ယွန်းဟာ ဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ဆူပူအုံကြွမှုဖြစ် စေခဲ့တာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ခံယူရမှာဖြစ်ပါတယ်။ 

ဒါဟာ တောင်ကိုရီးယားမှာ တာဝန်ထမ်းဆောင်ဆဲ သမ္မတကို ပထမဆုံးအကြိမ် ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။ 

“တားဆီးမှုတွေကြောင့် ဖမ်းဝရမ်းထုတ်ထားမှုက တဖြည်းဖြည်းနဲ့ ပျက်ပြယ်ဖွယ်ရှိပါတယ်” လို့ အဆင့်မြင့်အရာရှိများအတွက် အဂတိလိုက်စားမှု စုံစမ်းရေးရုံး CIO က ကြေညာချက်မှာ ဖော်ပြပါတယ်။ 

CIO ဟာ ဇန်နဝါရီ ၃ ရက် နေ့လယ် ၁း၃၀ မှာ ဖမ်းဆီးဖို့ ကြိုးစားခဲ့တာကို ရပ်တန့်ခဲ့ပါတယ်။  ယွန်းဟာ ဖမ်းဝရမ်းကို လေးစားလိုက် နာမှုမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ CIO က ဆိုထားပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013