လူ ၁၇၉ ယောက် သေဆုံးခဲ့တဲ့ ပျက်ကျလေယာဉ်ရဲ့ ဒေတာမှတ်တမ်း Black box ကို စစ်ဆေးဖို့ အမေရိကန်ကို ပို့မယ်လို့ တောင်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။
လက်ရှိအချိန်မှာ တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစုံစမ်းရေးအသင်းကို လေဆိပ်မှာ ဖွဲ့ထားပြီး စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။
စုံစမ်းရေးအသင်းက လေယာဉ်ပျံသန်းမှုဒေတာမှတ်တမ်း (FDR) ကို တောင်ကိုရီးယားမှာ မဖွင့်ချင်တာနဲ့ အမေရိကန်ကို ပို့ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်ပြီး အမေရိကန် အန္တရာယ်ကင်းစွာပို့ဆောင်ရေး (NTSB) နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့တဲ့ လေယာဉ်ဆင်းသက်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ခရီးသည် ၁၇၅ ယောက်နဲ့ လေယာဉ်အမှုထမ်း ၆ ယောက်အနက် ၄ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပျက်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယား စစ်ဆေးရေးအဖွဲ့က လေယာဉ်မှူးအခန်းထဲက အသံမှတ်တမ်းကို ထုတ်ယူပြီး အသံဖိုင်အဖြစ် ပြောင်းလဲသွားမှာပါ။
ဒီအချက်အလက်တွေက လေယာဉ်တိမ်းမှောက်ရတဲ့ အကြောင်းအရင်း ဖြစ်မယ်လို့ မျှော်လင့်ရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
လေယာဉ်မှူးအခန်းထဲကရတဲ့ ဒေတာတွေကို အသံဖိုင်အဖြစ် ပြောင်းဖို့ ၂ ရက်ကြာမယ်လို့ ဝန်ကြီးဌာနက ပြောထားပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုဟာ ကိုရီးယားနိုင်ငံရဲ့ အဆိုးဝါးဆိုး လေကြောင်းဘေးအန္တရာယ်တခု ဖြစ်ခဲ့ပါတယ်။
Source : Reuters