Home
မြန်မာသတင်း
မြဝတီမြို့တွင် ထိုင်းကုန်စည်မသုံးစွဲရန်နှင့် နယ်စပ်ဂိတ်ပိတ်သိမ်းပေးရန်  ဆန္ဒပြ
DVB
·
February 8, 2025

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖေဖော်ဝါရီ ၈ ရက် မနက်က စစ်တပ်ထောက်ခံသူ အမျိုးသားရေး တတ်ကြွလှုပ်ရှားသူ သူရိန်မင်းထွန်းဦးဆောင်ပြီး လူအင်အား ၁၀၀ နီးပါးက ထိုင်း-မြန်မာနယ်စပ် တရားဝင်ဂိတ်တွေနဲ့ တရာမဝင်ဂိတ်တွေ ပိတ်ပေးဖို့နဲ့ ထိုင်းကုန်စည်တွေ မသုံးစွဲဖို့ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၉ နာရီကစပြီး ကရင်ပြည်နယ် မြဝတီမြို့က ၂ နေရာ၊ ဘုရားသုံးဆူက တနေရာနဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က ၂ နေရာ စုစုပေါင်း ၅ နေ ရာကို လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီးနောက် အခုလို ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။

မြဝတီမြို့ခံတယောက်က “မြဝတီဒေသခံတွေလို ပြောဆိုပေမဲ့ ဘာသာရေးအစွန်းရောက် အမျိုးသားရေးတတ်ကြွလှုပ်ရှားသူ သူရိန်မင်းထွန်းနဲ့ BGF တပ်ဖွဲ့ဝင်တချို့လောက်တာ ပါဝင်ခဲ့ပြီး သူတို့က မြဝတီကို သိက္ခာချနေတာ။ တကယ်တမ်းက ထိုင်းနဲ့မြန်မာ ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေကြတာ။ မနေ့ကတော့ လူအား ၃၀၀၀ နဲ့ ဆန္ဒဖော်ထုတ်မယ်ဆိုပြီး သတင်းလွှင့်ထားတာ ဒီမနက်ထွက်လာတော့ စစ်တပ်ထာက်ခံတဲ့ သူတွေနဲ့ ပတ်သက်သူ ၁၀၀ တောင်မပြည့်ဘူး” လို့  DVBကို ပြောပါတယ်။

ဆန္ဒပြလှုပ်ရှားမှုမှာ ထိုင်းမြန်မာနယ်စပ်ရှိ တရားမဝင်ဂိတ်များ ပိတ်သိမ်းရေး၊ ထိုင်းကုန်စည်များ မသုံးစွဲရေး၊ အမှတ် ၁ နဲ့  အမှတ် ၂ ချစ်ကြည်ရေးတံတားပိတ်ပေးရေး စာသားပါ ဗွီးနိုင်း ပိုစတာတွေ ကိုင်ဆောင်ပြီး တံတားအမှတ် ၁ နဲ့ တံတားအမှတ် ၂ အထိ လမ်းမကြီးအတိုင်း လမ်းလျှောက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013