Home
နိုင်ငံတကာ
သမ္မတဟောင်း ဘိုင်ဒန်ကို နေ့စဉ်သတင်းတို ပေးပို့မှု ထရမ့်ပ် ရပ်ဆိုင်း 
DVB
·
February 8, 2025
Photo-Reuters

သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့ လုံခြုံရေးခွင့်ပြုချက်တွေနဲ့ နေ့စဉ်သတင်းတိုပေးပို့မှုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုပ်သိမ်းခဲ့ပါတယ်။ 

ဒီသတင်းအချက်အလက်တွေက သူ့နေရာမှာ ဆက်ခံမဲ့ သူအတွက်လည်း လိုအပ်မှာမဟုတ်ကြောင်း ထရမ့်က ပြောခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်က ရုပ်သိမ်းခဲ့တာပါ။ 

ထရမ့်ပ်က ဆိုရှယ်မီဒီယာ Truth မှာ ပို့စ်တင်ခဲ့တာဖြစ်ပြီး အထူးအကြံပြုသူ ရောဘတ်ရဲ့ ဖော်ပြမှုထဲမှာ ဘိုင်ဒန်ဟာ “ရည်ရွယ်ချက်ကောင်းတဲ့သူဖြစ်ပေမဲ့ မှတ်ဉာဏ်မကောင်းတဲ့ အသက်ကြီးသူ”ဆိုတဲ့ အကြောင်းကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအချိန်က ဘိုင်ဒန်က သူရဲ့ မှတ်ဉာဏ် ကောင်းမွန်တယ်လို့ ပြောခဲ့ပါတယ်။ 

သမ္မတဟောင်းတွေဟာ ရာထူးက အနားယူပြီးတဲ့အချိန်မှာ သတင်းတွေ လက်ခံရရှိတာက ထုံးစံ ဖြစ်ပါတယ်။ 

ဘိုင်ဒန်ဟာ တာဝန်ထမ်းဆောင်စဉ်က နေ့စဉ်ထောက်လှမ်းမှုသတင်းတွေကို သမ္မတဟောင်း ဖြစ်ခဲ့ဖူး တဲ့ ထရမ့်ဆီ သတင်းနဲ့ အသေးစိတ်အချက်အလက်တွေ မရောက်အောင် တားမြစ်ခဲ့ဖူးတယ်လို့ ထရမ့်ပ်က သောကြာနေ့ ဆိုရှယ်မီဒီယာပို့စ် တခုမှာ ဖော်ပြထားပါတယ်။ 

၂၀၂၁ ခုနှစ်က ဘိုင်ဒန်ဟာ သမ္မတတာဝန်ယူပြီးတဲ့နောက် မကြာမီ CBS ကို ပြောကြားခဲ့မှုမှာ ထရမ့်ပ်ဟာ အပြောင်းအလဲမြန်တဲ့ သဘောထားရှိတယ်လို့ ပါရှိပြီး အချက်အလက်တွေကို ဖြန့်ဝေ ရမှာ စိုးရိမ်တယ်လို့ ပါရှိပါတယ်။ 

ဘိုင်ဒန်က “ထရမ့်ပ်ကို သတင်းတွေပေးရတာက ဘာတန်ဖိုးရှိလဲ? အဲ့ဒီလို ပေးလို့ ဘာအကျိုးရှိလဲ? အကြောင်းအရာတွေ လွဲချော်တာပဲရှိမှာပါ” လို့ ဘိုင်ဒန်က ပြောဆိုခဲ့ပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024